ဖုရိကျယ် ရေပန်းအောက်တွင် ရပ်နေပြီး ရေပူနှင့်
ခေါင်းစ ခြေဆုံး ရေချိုးလိုက်သည်။သူ ရေပန်းအောက်မှာ မိနစ်အတော်ကြာအောင် မလှုပ်မယှက် အလျင်စလို မလှုပ်ရှားဘဲရပ်နေခဲ့သည်။ပုံမှန်ဆို သူ ကိုယ်ပေါ်ကို ရေပူများ စီးကျလာတဲ့အခါ ရတဲ့နွေးထွေးတဲ့ ခံစားချက်ကို နှစ်သက်လှသော်လည်း ယနေ့တော့ သူလုံးဝနွေးထွေးသွားတယ်လို့ မခံစားလိုက်ရဘူး။
အခုအချိန်အတော်ကြာအောင် မလှုပ်မယှက်နေနေရတဲ့
အကြောင်းရင်းကတော့ အင်မတန်ရိုးရှင်းလှသည်၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က မလှုပ်ချင်လို့ လှုပ်ရှားမှုတိုင်းက သူ့ရဲ့ နှေးကွေးတဲ့ ခန္ဓာကိုယ်ကို အားကုန်ဆုံးသွားစေတဲ့ပုံပင်။နံရံကို လက်ဖြင့်ထောက်ထားရင်း သူ့တစ်ကိုယ်လုံး ငြိမ်သက်နေရာမှ လှုပ်ရှားနေဆဲ တစ်ခုတည်းသော အစိတ်အပိုင်းမှာ သူ ဦးနှောက်ဖြစ်ပြီး အဲ့တာကလည်းလျင်လျင်မြန်မြန် မလှုပ်ရှားနိုင်တော့ပေ။ ယခု သူရင်ဆိုင်ရမည့်အရာသည် သူမျှော်လင့်ထားတာထက် ကျော်လွန်နေပြီဖြစ်သည်။
ဒါက အဝါစာအုပ်နည်းနည်းလောက်.....သူ့ကိုမိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တာမျိုး
လည်း မဟုတ်ပါဘူး... ဒါက အပြာရုပ်ရှင်ကြည့်ရင်းနဲ့ အထဲက မိန်းကလေးကို ကြည့်နေရင်း သူ့အစ်ကိုကို ရုတ်တရက် ထနမ်းလိုက်မိတာလေ။ဖုရိကျယ် ရေစက်များစီးသွားသည့် သူ့ခြေထောက်ကို စိုက်ကြည့်နေမိသည်၊ အဲ့တာကို ဘယ်လိုများ ရှင်းပြရပါ့မလဲ?
ဖုခွင်း ယခုအချိန်ထိ ဘယ်လို တုံ့ပြန်ခြင်း မရှိသေးသော်လည်း ထိုငြိမ်သက်မှုကပဲ သူ့ကို ကြောက်ရွံ့စေသည်။
သူ ဖုခွင်းအကြောင်း ကောင်းကောင်းသိတယ်၊ ဖုခွင်းကတကယ်မခံစားရရင် တခြားသူတွေကို ဆဲဆိုကြိမ်းမောင်းတတ်တယ်ဆိုတာကို၊ ဖုရိကျယ် မင်းအသိစိတ်လွှတ်သွားတာလားဆိုပြီး သူ့ကို ဆဲဆိုရိုက်နှက်ရင်တောင် သူပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်မိအုန်းမယ်၊ အခု ဒီလိုကြီးကျတော့ ဘယ်လိုဆက်လုပ်ရပါ့မလဲ
YOU ARE READING
ငယ်ချစ်ပုံပြင် - 竹木狼马 [Myanmar Translation ] Completed
RomanceHi everyone ဒါလေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [Chapters84+ 4 Extra] Genres - modern day , salice of life Start Date - 17.02. 22 End Date- 30-5-202...