အခန်း ၇၈

2.8K 466 36
                                    


အခန်း ၇၈

ဖုရိကျယ် သူ့ကိုယ်တိုင်တောင် မိဘများရှေ့တွင် ဘယ်​လောက်ကြာကြာ ဒူးထောက်နေမိမှန်းမသိ​တော့​ပေ။

ကြောင်အနေတဲ့သူ့ကို လောင်ပါးက ထပြီး ဆွဲထူ​ပေးဖို့ ကြိုးစားလိုက်ပေမယ့် လောင်မားက  “သူ့ကို ခဏလောက် ဒူးထောက်ခိုင်းလိုက်ပါ” ဆိုကာ တားလိုက်သည်။

ဟုတ်တယ် ခဏလောက် ဒူးထပ်ထောက်ပါရစေ။

ဖုရိကျယ် ဒီလို ဒူးထောက်တာကို စိတ်ပါလက်ပါ ဒူးထောက်လိုက်သည်။

ဒီကိစ္စကို ဆွေးနွေးတုန်းက မိဘတွေ ဘယ်လို ခံစားချက်မျိုးနဲ့လဲဆိုတာ သူ စိတ်​တောင်မကူးနိုင်ခဲ့ဘူး။ ဒီတနှစ်လုံး ဖုရိကျယ် ဗရုတ်သုတ်ခနဲ့ လွမ်းဆွေးကာ နေထိုင်ခဲ့ပေမယ့် သူတို့က သူ့လှုပ်ရှားမှုတိုင်းကို နှလုံးသားထဲထိ ခံစားပေးခဲ့ကြသည်။

ဖုခွင်းကို သွားရှာလိုက်ပါ။

ဒီဆုံးဖြတ်ချက်ဟာ မားနဲ့ပါးအတွက် လွယ်လွယ်ကူကူပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး ၊ဒါက သူနဲ့အတူ ရှည်လျားတဲ့ နာကျင်မှုတွေနဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ မိဘတွေရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ပင်။

အချစ်ကြောင့်သာ။

ဖုရိကျယ် ဒီအချိန်အထိ သူသယ်ဆောင်ထားရသော လေးလံတဲ့အခွံက သူ့ခန္ဓာကိုယ်​ပေါ်မှ ရုတ်သိမ်းသွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က ရုတ်ချည်း ပြေလျော့သွားကာ သူ့အား ခြောက်လှန့်ဆဲဖြစ်တဲ့ အပြစ်နှင့် လိုက်လျောညီထွေဖြစ်အောင် မနေနိုင်တော့ပေ။

သူ အနည်းငယ် မယုံမကြည်နိုင်ဖြစ်နေတယ်ဆိုပေမယ့် သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော လုံခြုံတဲ့ ခံစားချက်တစ်ခု ရှိနေသေးသည်။

ဖုရိကျယ်က လောင်မားရဲ့ခြေရင်းနားက ကြမ်းပြင်ပေါ် နဖူးကို ဆောင့်ချလိုက်တော့ လောင်မားက ဆင်းလာပြီး "ခေါင်းငုံ့ဖို့ မလိုပါဘူး..."

သူ့ကို ပြာပြာသလဲအော်ကာ ထလာခိုင်းပြီး "သား​လေး၊ မင်း ဘာဖြစ်တာလဲ!"

ဖုရိကျယ် နှစ်ညနှင့်တစ်ရက်တိုင်တိုင် အိပ်ခဲ့သည်။သူ့ဗိုက်ထဲတွင် သည်းမခံနိုင်တော့ဘဲ အိမ်မက်ထဲတွင် သိုးသားပြုတ်စားပွဲတစ်လုံးစာ​လောက် ဝယ်စား​နေတာမဟုတ်လျှင် သူမည်မျှကြာအောင်အိပ်လိမ့်သည်မသိ​ပေ။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now