အခန်း ၆၇
ဖုရိကျယ် လျိုဝေရဲ့ ဒိုင်ယာရီကို ချက်ချင်းမဖတ်ဘဲ သူ့ကိုယ်ပိုင်စာအုပ်များ နှင့်ရောကာ အိတ်ထဲထည့်ပြီး ကိုယ်ပိုင် လေ့လာရေးအခန်းထဲက သူ့စားပွဲခုံထဲထည့်ပြီး အင်တာနက်ဆိုင်သို့ ပြန်ပြေးသွားသည်။
ကျန်းဆုန်း နှင့် အခြားသူများက အင်တာနက်ကဖေးတွင် အပြင်းအထန်တိုက်ခိုက်ကြဆဲဖြစ်ပြီး ဖုရိကျယ် နာရီဝက်လောက် ပျောက်သွားတာကို ဘယ်သူမှ သတိမထားမိချေ။ သူပါရော ဝင်ဆော့လိုက်ပြီး ကျန်းဆုန်းဆီက နှစ်ခေါက်လောက် သတ်ခံရပြီးချိန်မှာတော့ ဗိုက်ဆာလာသဖြင့် အင်တာနက်ကဖီးကနေဆင်းကာ စားစရာ လိုက်ရှာလိုက်သည်။
"ဖုရိကျယ် ကျွေးရမှာ " ကျန်းဆုန်းက ဖုရိကျယ်ရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး "မင်း ဉာဏ်ဒီလောက်ကောင်းတာကို၊ ဂိမ်းကစားတဲ့အခါ မင်းဦးနှောက်က မကြီးထွားသွားသလို ဘာလို့ ခံစားနေရတာလဲ။"
"ဒါဆို နွေရာသီ အားလပ်ရက်ကျရင် မင်း ငါ့ကောနဲ့ လာဆော့မလား" ဖုရိကျယ်က ပြုံးပြီး " သူ ဦးနှောက်က
ဂိမ်းဆော့ဖို့အတွက်ပဲ ကြီးထွားလာတာ""မလုပ်ပါနဲ့" ကျန်းဆုန်းက စုတ်သပ်လိုက်သည်။ ဖုခွင်းက မူလတန်းကျောင်းထဲက သူ ဂိမ်းကစားမှာကို ဆန်းရှောင်ကျောင်းနားရှိ ဂိမ်းဆိုင်ပိုင်ရှင်ကပင် ထိတ်လန့်နေပြီဖြစ်သည်။ "မင်းအစ်ကို အခုထိဆော့ဖို့ အားနေသေးတာလား။ အခု ငွေရှာနေပြီမို့လား။"
"ညဘက် အိမ်ပြန်ရောက်ရင် ကစားတာလေ ဒါမှမဟုတ် ပုံဆွဲရင်ဆွဲ..." ဖုရိကျယ် သူ့ခြေဖဝါးအောက်က ကတ္တရာလမ်းကို ငုံ့ကြည့်လိုက်သည်။ ရုတ်တရက် သူ့ခြေလှမ်းတွေ အနည်းငယ် ပျော့ခွေသွားသလို ခံစားလိုက်ရသည်..
"မင်းကော အကြောင်းပြောတိုင်း မင်း ဘာလို့ဒီလိုပုံစံဖြစ်သွားရတာလဲ" ကျန်းဆုန်းက ရုတ်တရက် သူ့နားနားကပ်ပြီး တိုးတိုးလေးပြောသွားသည်။
"ဘယ်လိုမျိုးလဲ" ဖုရိကျယ် လန့်သွားသော်လည်း သူ့လေသံက တည်ငြိမ်ဆဲ။
" အရမ်းစိတ်လှုပ်ရှားသွားလို့ပဲလား ဒါမှမဟုတ် စိတ်လွှတ်သွားတာလား " ကျန်းဆုန်းက ပြုံးပြီး သူ့ပုခုံးပေါ်မှ လက်မောင်းကို ရုတ်ကာ ရှေ့ကို ညွှန်ပြပြီး "မျက်နှာ ပူနေပြီ!"
VOCÊ ESTÁ LENDO
ငယ်ချစ်ပုံပြင် - 竹木狼马 [Myanmar Translation ] Completed
RomanceHi everyone ဒါလေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [Chapters84+ 4 Extra] Genres - modern day , salice of life Start Date - 17.02. 22 End Date- 30-5-202...