အခန်း ၄၈

2.7K 474 9
                                    

ဖုခွင်း အံ့အားသင့်သွားပြီး ယုန်မလေး၏မျက်နှာကို ဘောပင်ဖြင့် ထိုးလိုက်မိကာ မင်တစ်ချောင်းစာလောက် အရသာရှိရှိ ပါးစပ်ထဲကို ငုံထားသည့်ပုံ လုပ်လိုက်မိသည်။

"ကျောင်းအဆောင်မှာ နေချင်တာလား" သူ ဖုရိကျယ် ကို ကြည့်လိုက်သည်၊ ဒီကလေးက ဘာကို ဆိုလိုချင်မှန်း မသိ ရုတ်တရက်ကြီး ထပြောလာတာ။

"အင်း" ဖုရိကျယ်က ဘောပင်ကို ကိုက်ကာ ခေါင်းကိုငုံ့ထာရင်း "ဒီနှစ် ငါတို့အတန်းက အားလုံးနီးပါးက ကျောင်းအ​ဆောင်ထဲမှာပဲ နေနေကြတာ။ ညနေပိုင်း ကိုယ်တိုင်စာကျက်ချိန် ကြီး​​ကြပ်တဲ့ ဆရာတွေလည်းရှိတယ်၊ ဒါကြောင့် သုံးသပ်ရတာ ပိုအဆင်ပြေတယ်။"

"အော်..." ဖုခွင်း ဘောပင်ကို အကြာကြီး ငြိမ်သက်စွာ စိုက်ကြည့်နေပြီးမှ "မင်းပါးနဲ့မားကို ပြော​ပြပြီးပြီလား?"

"မပြောရသေးဘူး မနက်ဖြန်မှပဲ ပြောမလို့" ဖုရိကျယ် က ခေါင်းငုံ့ပြီး "ဒါက နောက်ဆုံးနှစ်ဆို​တော့၊ ငါ ​သေချာကြိုးစားချင်တယ်"ဟုဆိုကာ မေးခွန်းများကို ဆက်ဖြေနေတော့သည်။

"မင်း အရမ်းကြိုးစား​နေပါတယ်" ဖုခွင်း က သူ့ကို မော့ ကြည့်လိုက်သည်။ နွေရာသီ အားလပ်ရက်မှာ ဖုရိကျယ် ကိုယ်အလေးချိန် အများကြီး ကျသွားတယ်။ အရင်နွေရာသီတုန်းကလည်း ကိုယ်အလေးချိန် ကျသွားဆိုပေမယ့် သိပ်မသိသာဘူး၊ အခုက ရိုးရိုး မျက်စိနဲ့ မြင်နိုင်လောက်အောင်ကို သိသိသာသာကြီး ကျသွားခြင်းဖြစ်သည်။

"ငါတို့အတန်းက လူတွေအကုန် ည နှစ်နာရီလောက်အထိ မအိပ်​ကြဘူး" ဖုရိကျယ် က ပြုံးပြီး "ဒါ့အပြင် ငါပြောထားတယ်လေ..."

ထို့​​နောက် သူ ဘာမှ ဆက်မပြောတော့ဘဲ သူ့အပြုံးကို သိမ်းလိုက်ပြီး စာရွက်ပေါ်ကို စာတွေထပ် ရေး​နေ​ပြန်သည်။

ဖုခွင်း သူပြောခဲ့တဲ့ စကား​တွေကို မှတ်မိနေသေးတယ်ဆိုရင်​တောင် ဖုခွင်း အရင်လို ရယ်ရယ်မောမော ပြန်ပြောမယ်ဆိုသည်က မသေချာတော့ဘူး။

"ကျောင်းက အစားအသောက်ကော အဆင်ပြေရဲ့လား? လောင်မားက မင်းကို ပုံစံအမျိုးမျိုးနဲ့ နေ့တိုင်း အာဟာရတွေ ပေးနေတာတောင် ​​မင်း အရမ်းပိန်နေသေးတာကို" ဖုခွင်း အဲဒါကို တွေးမိပြီး ထပ်ပြောလိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Donde viven las historias. Descúbrelo ahora