အခန်း ၂၄

3.4K 593 20
                                    

အခန်း (၂၄)

စာမေးပွဲနီးနေပြီဖြစ်သည့် ရက်များတွင် ဖုရိကျယ်က နေ့တိုင်း မနက်ပိုင်းအပြေးလေ့ကျင့်ခြင်းကို မလုပ်ပဲ ရပ်ထားပေမယ့် သူ့ရဲ့ အိပ်ရာထချိန်က ဖုခွင်းထက်တော့ စောနေသေးသည်၊ ဖုခွင်းက ညနက်မှ အိပ်တာများလို့ မနက်အစောကြီးထရတာက သူ့အတွက် ညှင်းပန်းနှိပ်စက်မှုမျိုးပင်၊ အဝတ်အစားလဲ တာကအစ သွားတိုက်တာအဆုံး မျက်စိမှိတ်လျှက်နှင့်ပင် လုပ်ကိုင်ဆောင်ရွက်သွားသည်။

ဒါပေမယ့် ဒီနေ့ ဖုရိကျယ် အိပ်ရာထသည့်အချိန်တွင် ဖုခွင်းက ကုတင်ပေါ်မှာ ရှိမနေတော့ဘဲ ရေမိုးချိုးပြီးလို့ မနက်စာစားဖို့တောင် စားပွဲပေါ်မှာ ထိုင်စောင့်နေပြီဖြစ်သည်။

"မင်းဘာလို့ ဒီလောက်အစောကြီး ထနေတာလဲ?" ဖုရိကျယ်က သူ့ကို အံ့ဩစွာကြည့်ရင်း မေးလိုက်သည်။

"ပူလွန်းလို့ နိုးလာတာ" ဖုခွင်းက ကုလားထိုင်ကို မှီထိုင်လိုက်ပြီး ခေါင်းမော့ကြည့်လာကာ "မင်းမပူဘူးလား?"

"ဘယ်လိုမှ မခံစားရဘူး" ဖုရိကျယ်က သူ့ကိုယ်သူ ဟိုစမ်းဒီစမ်းလုပ်ကြည့်လိုက်တော့ နည်းနည်း စိုနေတာကလွဲလို့ ချွေးလည်း မထွက်ဘူး "ဒါဆို ညကျရင် ငါအောက်မှာပဲ အိပ်လိုက်မယ်လေ"

"အင်း"

ဖုရိကျယ် မျက်နှာသုတ်ပဝါယူပြီး အခန်းထဲကနေ ထွက်တော့ အခန်းတံခါးဝတွင် အတွင်းခံတစ်ထည်ကို ချိတ်ထားတာတွေ့လိုက်ရသည်၊ အဲ့တာ ဖုခွင်းဟာမို့လား ရေတွေကလည်း စိုနေတုန်းပဲ

ဒီဟာက ဖုခွင်း ညတုန်းက ဝတ်ခဲ့တဲ့ တစ်ထည်ထင်တယ် သူဒါကို ကောင်းကောင်းသိတာပေါ့ ဒီအမည်းရောင်နဲ့တစ်ထည်က ကိုင်လို့ အကောင်းဆုံးတစ်ထည်လေ၊ ကိုင်လိုက်တိုင်း လက်က သက်သောင့်သက်သာဖြစ်သလို ခံစားလို့

ရေချိုးပြီး အခန်းကို ပြန်ရောက်ချိန်တွင် လောင်မားက အမည်းရောင်အိတ်လေးကိုယူကာ အပြင်ထွက်ဖို့ရာ ပြင်နေသည်။

"ဒီနေ့ နေ့လည်အမေ အန်တီလျန်နဲ့ အတူအပြင်သွားပြီး မင်းအဖေအတွက် ဆေးသွားယူပေးမလို့၊ နေ့လည်ကျရင် မင်းနဲ့ မင်းကော ကိုယ့်ဖာသာကိုယ် အပြင်ထွက်စားလိုက် ကြတော့နော်၊ ပိုက်ဆံကို အမေ ကောကို ပေးထားလိုက်မယ်" လောင်မားက သူ့ခေါင်းကို ပွတ်ပေးရင်း ပြောလိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Donde viven las historias. Descúbrelo ahora