အခန်း 53
ဖုခွင်းရဲ့ ChanAn Star နဲ့ ဖုရိကျယ်ရဲ့ အကြောင်းပြန်စာ ရလာတဲ့ကိစ္စကို လောင်မား အလုပ်ဆင်းလာတော့ သိရှိသွားပြီး တညနေလုံး အသံကျယ်ကျယ်နဲ့ ပြောဆိုနေတော့သည်။
"အိုး ဆားထည့်ခဲ့သေးလား မြည်းကြည့်ပါဦး!" လောင်မားက မီးဖိုချောင်မှာ ချက်ပြုတ်နေပြီး သူ့ဖာသာသူ စကားပြောသံကို ဧည့်ခန်းထဲကတောင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ဖုခွင်း နှင့် ဖုရိကျယ်က တီဗီကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်နေကြပြီး ဖုရိကျယ်က လွီရန်ချိုး ဝယ်ပေးထားသော PSP ကို သူ့လက်ထဲတွင် ကိုင်ထားပြီး အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဖုခွင်းပေါ် ပစ်ချလိုက်ပြီး "မင်းပဲ ကစားလိုက်"
"ကျောင်းကိုယူမသွားဘူးလား?" ဖုခွင်းက ယူကြည့်လိုက်ပြီး "ပျင်းဖို့ကောင်းလို့လား။"
"လက်ဖ်တော့ရှိတယ်လေ၊ ငါလည်း ဒီဟာတွေကို ဆော့ရတာ မကြိုက်ဘူး" ဖုရိကျယ်က ရီမုတ်ဒ်ကို ယူလိုက်ပြီး တီဗွီကို ဖွင့်လိုက်ကာ " မင်း သာ့ထုန်ကိုယူသွားပြီး ပျင်းလာတဲ့အခါ ဆော့နေလိုက် "
ဖုခွင်းက ပြုံးပြီး PSP ကိုချထားလိုက်ကာ အခန်းထဲသို့ဝင်သွားပြီး ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကိုထုတ်ကာ ဖုရိကျယ်လက်ထဲကို ထည့်လိုက်ပြီး "ဒါကို ယူသွားလိုက်"
"ဒါက ဘာလဲ" ဖုရိကျယ်က သူ့လက်ထဲက ကတ်ကို ကြည့်လိုက်သည်။
"မင်းရဲ့ကျူရှင်ဖိုးနဲ့ နေထိုင်စရိတ်အတွက်" ဖုခွင်း က သူ့ဘေးမှာထိုင်ပြီး "မားတို့ဆီကနေ ပိုက်ဆံတောင်းနေစရာမလိုဘူး။ ငါပြောထားတဲ့အတိုင်းပဲ မင်းရဲ့ကောလိပ်ကုန်ကျစရိတ်အတွက် ငါဘဲပေးမယ်"
ဖုရိကျယ် ခေါင်းငုံ့ကာ စကားမပြောဘဲ သူ၏ နှလုံးသားထဲတွင် နူးညံ့သော နွေးထွေးမှုတို့က ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ရောထွေးနေခဲ့သည်။အဲ့ဒါက လွန်ခဲ့သော နှစ်အနည်းငယ်က ဖုခွင်း ၏ ကတိတစ်ခုဖြစ်ပြီး ယခုတော့ အမှန်တကယ်ဖြစ်လာခဲ့သည်။
ဖုခွင်းက ၎င်း၏ မူလဆုံးဖြတ်ချက် မှန်ကန်ကြောင်း ၎င်း၏မိသားစုအား သက်သေပြရန် အချက်အလက်များကို အသုံးပြုခဲ့သည်။
ESTÁS LEYENDO
ငယ်ချစ်ပုံပြင် - 竹木狼马 [Myanmar Translation ] Completed
RomanceHi everyone ဒါလေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [Chapters84+ 4 Extra] Genres - modern day , salice of life Start Date - 17.02. 22 End Date- 30-5-202...