အခန်း ၈၄ဖုရိကျယ်က ရှဖေးဆီကို သွားလည်ချင်တယ်လို့ ရုတ်တရက်ပြောလိုက်တာကို ဖုခွင်း အံ့သြမိပေမယ့် သူ သိပ်တော့လည်း မအံ့သြလှဘူး။ ရှဖေးက ဖုရိကျယ်အတွက် တခြားလူတွေထက် ပိုလေးနက်တဲ့ အဓိပ္ပါယ်ရှိတာမို့ ဖြစ်သင့်ပါတယ်။ ရှဖေး ထွက်သွားတဲ့နေ့က ဖုရိကျယ် လဲကျသွားတာကိုသာ သူ သိလိုက်ပေမယ့် အဲ့ဒီ အချိန်က သူ ဖုရိကျယ်ရဲ့ နှလုံးသားလျှို့ဝှက်ချက်ကို မသိသေးဘူး။
ကိစ္စများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ဖုရိကျယ် ရှဖေး ကို ရုတ်တရက်တွေ့လိုခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။
"ကားနဲ့သွားမယ်" ဖုခွင်းက ကားတံခါးကိုဖွင့်ပြီး ကားပေါ်တက်ဖို့ ပြင်လိုက်သည်။
"တက္ကစီစီးရအောင်" ဖုရိကျယ်က ကားတံခါးကို ဖိပြီး "မင်း အရက်သောက်ထားပြီးပြီ"
"ဒီအချိန်ကြီး မင်း ဘယ်က တက္ကစီကိုစီးမှာလဲ။ ကားက မင်းကို သုသာန်ကို ခေါ်သွားနိုင်ရင်တောင် မင်းပြန်လာတဲ့အချိန် ကားမရှိတော့ဘူး၊ အဲဒီ့ကိုသွားတဲ့နောက်ဆုံးဘတ်စ်ကားက ည ၈ နာရီဆို ပြီးပြီ။" ဖုခွင်းက ခေါင်းညိတ်ပြပြီး ကားပေါ်တက်ကာ "ငါ ဖြည်းဖြည်းပဲ မောင်းမယ်"
ဖုရိကျယ်က မတ်တပ်ရပ်နေကာ သူ မနက်ဖြန်မှပဲ သွားလို့ရတယ်၊ ညနက်ကြီး သွားနေစရာမလိုဘူး၊ ဒါပေမယ့် သူ့စိတ်ထဲက ပြင်းထန်တဲ့ခံစားချက်ကို ထိန်းမထားနိုင်ခဲ့ဘူး။
ရှဖေးက သူ့အတွက် အိမ်နီးနားချင်း နူးညံ့သိမ်မွေ့တဲ့အစ်ကို၊ သူရဲ့ လျှို့ဝှက်ချက်များကို မျှဝေလို့ရတဲ့သူ၊ကိစ္စများစွာကို သူဘာလုပ်သင့်သည်ကို ပြောပြသူဖြစ်ရုံသာမက၊ ရှဖေးနဲ့ ကျန်းချင်ခိုင်တို့ နမ်းနေတာကို သူ ပထမဆုံးမြင်ဖူးတဲ့အချိန်ကစပြီး အခုဆို ဆယ်နှစ်ကျော်သွားပြီ။ဒီဆယ်နှစ်အတွင်းမှာ သူ့စိတ်ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှု၊ စိတ်ဓာတ်ကျမှု၊ နာကျင်မှု၊ ပေါက်ကွဲထွက်မှု၊ ပြောင်းလဲမှုတွေတိုင်းမှာ ရှဖေးရဲ့ ပုံရိပ်တွေရှိတယ်။
သူမြင်ခဲ့ရတဲ့ မျှော်လင့်ချက်နဲ့ သူခံစားရတဲ့ စိတ်ပျက်အားငယ်မှုအားလုံးကို ရှဖေးက ပေးခဲ့ပါတာပင်။
YOU ARE READING
ငယ်ချစ်ပုံပြင် - 竹木狼马 [Myanmar Translation ] Completed
RomanceHi everyone ဒါလေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [Chapters84+ 4 Extra] Genres - modern day , salice of life Start Date - 17.02. 22 End Date- 30-5-202...