1🌹

10.6K 690 137
                                    

နှင်းဆီငယ်...

တစ်ခါတစ်လေ
ဂျီမင်း ကနှင်းဆီပန်းဖြူဖြူလေး
ရွှင်လန်းစွာပွင့်လန်းနေတိုင်းငေးခနဲဖြစ်ဖြစ်သွားရတယ်

တစ်ခါတစ်လေ
ဂျီမင်း ကနှင်းဆီပန်းအဝါလေး
နွေးထွေးမှုတွေပေးတတ်လွန်းလို့
မြတ်နိုးနှစ်ခြိုက်စရာပဲ...

ရှက်သွေးဖြာရင်တော့
ပန်းရောင်နှင်းဆီလေးနှယ်...

နီသွေးချယ်သောနှင်းဆီလေးအဖြစ်လည်း
တစ်ခါတစ်ရံသတ္တိတွေရှိတတ်ပြန်သည်

စတွေ့တုံးကတော့မာမာကျေကျော
နှင်းဆီနက်နက်လေးပေါ့...မမေ့နိုင်စရာပါပဲ...။

နှင်းဆီကဗျာလှလှတွေအား
အလွတ်ရနေခဲ့တာ နက်နက်ရှိုင်းရှိုင်းမွှေးကြူလိုက်ချင်ပါသော မရေမရာနှလုံးသားငယ်ဟာ လူသားဆန်စွာ.....

Aprilလမှာလည်း နှင်းဆီနံ့ခပ်သင်းသင်းနဲ့
ကျွန်တော်နှင်းဆီငယ်ကိုလွမ်းနေမိပြန်သည်
မြေသားမဲ့ နှင်းဆီငယ်...
ကျွန်တော့်နှလုံးထက်ဝယ်...

အတိတ်နေ့စွဲတွေရယ်
သိပ်ကိုချိုမြိန်လွန်း....။

♡♡♡

"အ့"

"ဘာဖြစ်တာလဲ"

နှင်းဆီတစ်ပွင့်အားလက်ကကိုင်ထားကာ
သွေးထွက်နေသောလက်ကလေးအား
ရှေ့တိုးပြလိုက်သည်။

"ဆူးပြန်ပြီလား လာ လာ"

"နှင်းဆီတွေကို ဖြစ်သလိုမကိုင်ပါနဲ့
ပြောထားရဲ့သားနဲ့"

"ဘာမှမဖြစ်ပါဘူး ကိုလေးရာ"

"ဆူးဆိပ်ဆိုတာရှိတယ်လေ"

လက်တွေကိုတယုတယကိုင်ကာ
ရေတွေဆေးပေးနေပြန်သည်
တကယ့်ကိုဘာမှမဟုတ်ပဲနဲ့...။

အကိုက သိပ်ဂရုစိုက်တတ်တယ်
အကို့မျက်ဝန်းဝိုင်းတွေက
အမြဲနူးညံ့ခြင်းတွေအပြည့် ....

နှင်းဆီဆူးလေးဆူးတာကို
စိတ်ပူပြတတ်သောအကို့ကိုရင်ခုန်မိနေတာ
မမှားဘူးမှတ်လား...။

နှင်းဆီရိုးခိုင် Where stories live. Discover now