နှင်းဆီတွေဘယ်လောက်လှလှ
ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့
ပွင့်ချက်လွှာသက်သက်ပဲလေ
ဘယ်လိုလှနိုင်အုံးပါ့မလဲ...။အကိုကကျွန်တော့်ရဲ့ညှာတံရိုးခိုင်မို့
အကို့ကိုလိုလားမိတာကမှားစရာမရှိ
အရာရာဗလာနတ္တိဖြစ်နေလည်း နှုတ်ခမ်းပါးတွေမှ နှုတ်ခမ်းပါးတွေလေ...နှင်းဆီလေးရူးရာနယ်မြေလေးတွေပေါ့...။
•••••
လူသားနှင်းဆီလေးကပိုမွှေးကြောင်းသက်သေတည်ဖို့ နှုတ်ခမ်းဖူးဖူးလေးကိုနမ်းမွှေးခဲ့တယ်
တစ်ကမ္ဘာ လုံးကိုသိမ်းကျုံးအနိုင်ရခဲ့သလို
နှုတ်ခမ်းထူထူလေးတွေပေါ်ပုံအောပေးခဲ့ခြင်းကိုသိပ်ဂုဏ်ယူနေမိတာမျိုး...။လွတ်ထွက်သွားမှာကြောက်နေရလွန်းလို့
တစ်ကိုယ်လုံးသိမ်းချီနမ်းရှိုက်ပစ်ခဲ့တယ်
မမေ့နိုင်မမုန်းနိုင်မယ့် နာရီပိုင်းအနမ်းတွေဟာ ရပ်တန့်ဖို့တောင် တော်တော်အရှိန်ယူခဲ့ရသည်။ရိုးဖြောင့်လွန်းတဲ့သူ ၊ တုံးအလွန်းတဲ့သူအဖြစ်အချိန်အကြာကြီးရပ်တည်ခဲ့ပေမယ့်
ဒီနှုတ်ခမ်းငယ်တွေနဲ့ တွေ့တော့ဘာတက်နိုင်မှာလဲ ....
အရူးတကာ့ထိပ်ခေါင်ထဲ ဂျွန်ဂျောင်ဂု နံပါတ်တစ်ဖြစ်သွားရပြန်သည်။အသည်းအသက်လေးကိုရူးတာမို့ ..
အတွယ်အတာလေးကိုရူးတာမို့ ..
မြတ်နိုးရာလေးကိုရူးတာမို့..
အကြောင်းပြချက်တွေတစ်လှေကြီးနဲ့ရယ်...။နမ်းနေရတဲ့ စက္ကန့်လေးတွေအားစိန်စီထားလို့ရရင် ထားလိုက်ချင်တဲ့အထိ...။
မိနစ်တော်တော်ကြာကြာနမ်းရှိုက်ဖလှယ်ပြီးတဲ့နောက်မှာ ပန်းဆောင်လေးအတွင်း မောဟိုက်သံလေးတွေတိုးတိုးညှင်းညှင်း...။ မသင့်တော်ဘူးဆိုတာသိပေမယ့် မသင့်တော်တဲ့အနေအထားကိုပင်နှစ်ခြိုက်စွာ သဲကဲခဲ့ကြသည်။
ခေါင်းချင်းထိလျှက် အသက်လုရှုရခြင်းမှာရင်ခုန်သံတွေဟာစည်းချက်ညီတာထက်ကိုပိုပိုသာသာ...။
သိပ်မြတ်နိုးရတဲ့အစိတ်အပိုင်းသေးသေးလေးတွေအားခပ်ဖွဖွနမ်းရင်းအမောဖြေလိုက်သေးတာ...။ နတ်စည်းစိမ်တွေတောင်မလိုချင်တော့...။
YOU ARE READING
နှင်းဆီရိုးခိုင်
Fanfictionနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022