15🌹

2.7K 417 188
                                    

နှစ်အလီလီကြာမြင့်ခြင်းမရှိပေမယ့်
ရက်သတ္တပတ်အချို့မှာ သံယောဇဥ်ကြိုးလေးတွေ သိသိသာသာညှိနွယ်ခဲ့တယ်။
အနမ်းဦးတို့သည်လည်းခြွေပြခဲ့ပြီးခဲ့ပေမယ့်
ရှေ့ဆက်ဖို့လမ်းမရှိအောင်
ခက်သောပိတ်လှောင်ခြင်းတွေထဲ
နှင်းဆီတို့၏ငိုကြွေးသံသည်ကျယ်ကျယ်လောင်လောင်...။

Event အထိ ပြင်ဆင်ပေးရကောင်းလားဆိုတဲ့အပြစ်တင်စိတ်လေးတွေနဲ့ ချိုးချိုးနှိမ်နှိမ်တွေပြောခဲ့ပေမယ့် တကယ်တမ်းကျ သူ့မှာဒီလူလိုအေးစက်စက်မနေနိုင်ခဲ့...။ အနည်းဆုံးတော့နှုတ်ဆက်သွားချင်သည်။

မချစ်လို့ထွက်ပြေးခြင်းဆိုပို၍မှန်မလား...။

ရှက်လည်းရှက်နေပါတယ်။
ကိုယ့်ဘက်ကဒီလူ့ကိုဘယ်လောက်ပဲစွန့်ခွာချင်နေနေ နှလုံးသားကအားပျော့စွာ
ဘက်လိုက်မိတိုင်း အရှုံးကြီးရှုံးနေမိသလို...။
နှင်းဆီငယ်မဝန်ခံချင်တဲ့အမှန်တရားတွေဟာ
တစ်စုံတစ်ယောက်၏ရိုးအလွန်းမှုကြောင့်
ပို၍နောက်တွန့်သွားခဲ့သည်။
ဒီလူမချစ်နိုင်လို့သူ့ကိုသက်သက်လုပ်တာလို့ထင်သွားခဲ့တာ...။

"ကျွန်တော်ပြန်တော့မယ် "

"ဗျာ!"

အေးစက်စက်လေသံလေးနဲ့အသိပေးလာတဲ့အခါ ဂျောင်ဂု၏မျက်ဝန်းတွေမှာအံသြသွားတဲ့အရိပ်အယောင်တွေဖြစ်တည်လာပေမယ့် ကြားချင်သောစကားတွေတော့ထပ်မထွက်လာခဲ့...။

"ဘယ်အချိန်ပြန်မှာလဲ"

အားယူကာပြန်မေးခဲ့ရတဲ့စကားတွေရယ်ပါ ။ ညခင်းတွေသာမဟုတ်ရင် ဝမ်းနည်းနေသောမျက်ဝန်းရိပ်တွေကိုအနည်းငယ်ရိပ်မိကောင်းပါရဲ့...။

"လာမယ့်တနင်္ဂနွေ"

တနင်္ဂနွေ...
ဒီလိုဆိုနှင်းဆီမြိုင်မှာသူ​နောက်ထပ်နှစ်ရက်လောက်ပဲနေတော့မှာပေါ့...။ တွေ့မြင်နေရတာ​တောင်လွမ်းနေတဲ့ဟာ...။

"အကို​ဆော့ဂျင်က ကားယူသွားတာမှတ်လား ဘာနဲ့ပြန်မှာလဲ ကားဂိတ်ကနေဆို
လိုက်ပို့ဖို့ကျွန်တော်အလုပ်သမားနှစ်ယောက်ထည့်ပေးလိုက်မယ်"

ခင်ဗျားကတော့ လိုက်မပို့ပေးဘူးပေါ့လေ...
ဝတ်ကျေတန်းကျေအဆုံးထိသူ့အပေါ်ဧည့်သည်တစ်ယောက်လိုပဲ ပြုမူနေခဲ့တာ...။
သိပ် သိပ်အမြင်ကပ်စရာ...။

နှင်းဆီရိုးခိုင် Donde viven las historias. Descúbrelo ahora