22🌹 ဇာတ်သိမ်းပိုင်း 🌹

4.8K 435 241
                                    

April လမှ စတင်ခဲ့သော နွေဦးနှင်းဆီပုံပြင်တွေဟာ ကျလာသောမျက်ရည်နွေးနွေးတစ်ခုနဲ့ အပြီးသတ်သိမ်းဆည်းခံလိုက်ရပြီလား...။
ချစ်တိုင်းမညားတဲ့ပုံပြင်တွေဟာ ယုံတမ်းမှမဟုတ်ခဲ့ဘဲ...။

ပျော်ခဲ့ကြတယ်။ ချစ်ခဲ့ကြတယ်။
အနမ်းတွေပေးခဲ့တာလည်းကုဋေကုဋာပါပဲ။
ဒါပေမယ့် တစ်ခန်းရပ်တော့ဆိုတော့လည်းဟုတ်ကဲ့ခေါင်းငြိမ့်လိုက်ရတဲ့ဖြစ်စဥ်ဟာသိပ်မုန်းဖို့ကောင်းတယ်။

မတက်နိုင်ကြတော့ဘူး ကျွန်တော်တို့လုံးဝဝေးကွာသွားခဲ့ပြီ...။

♡♡♡

ပန်းနုရောင်ပြေးနေတဲ့မျက်ခွံမို့မို့လေးတွေ...
ဖြစ်ညစ်ပစ်ချင်စရာ နှာခေါင်းလုံးလုံးလေး...
ထူပြည့်နေတဲ့နှုတ်ခမ်းသားဖူးဖူးတွေဟာတစ်လောကလုံးရှေ့ဒူးထောက်ဆိုလည်းပြေးဒူးထောက်နိုင်တဲ့အထိ စွမ်းပကားကြီးသည်။

ပါးဖောင်းဖောင်းလေးတွေမရှိတော့တဲ့မှန်ပြင်လွှာထက်က ပန်းရောင်သတို့သားဝတ်စုံနဲ့နှင်းဆီငယ်ဟာ သိပ်ကိုထူးခြားစွာလှပနေခဲ့တာ ခိုင်းနှိုင်းပြစရာမရှိအောင်ပင်...။

တစ်ခြံလုံးအပြင်အဆင်ဟာလည်းအဖြူရောင်တွေနှင့်နှင်းဆီတွေလွမ်းမိုးထားသည်။
များစွာသောအသိုင်းအဝိုင်းကြီးကလူတွေနဲ့ခမ်းခမ်းနားနားမင်္ဂလာပွဲကြီးသည် အားကျဖွယ်ရာ... ။

မခမ်းနားတာကတော့ ရင်တွင်းထဲကအနာတွေပေါ့...။

ဦးငယ်လက်မလျှော့ချင်ခဲ့တာ မပြောနဲ့။
ရွှေရောင်ဆံပင်လေးတွေကအစတစ်စက်မှအထိမခံနိုင်အောင် ချောရက်လွန်းခဲ့တာ...။

ညို့မှိုင်းမှိုင်းမျက်ဝန်းလေးတွေနဲ့ ​နောက်မှရပ်ကြည့်နေတဲ့သူ့အားတစ်ချက်လှည့်ကြည့်သည်။ တစ်စိမ်းဆန်လွန်းတဲ့ လေပြည်တစ်ချက်ဝေ့ရမ်းလိုက်သလိုပဲ...။

အခိုက်အတန့်တစ်ခုလေးဆိုပေမယ့် ခံစားလိုက်ရတာ စိုနင့်သွားသလိုပဲ။ စိတ်ကုန်စိတ်ပျက်သုန်းနေတဲ့လူတစ်ယောက်လို သူ့ကိုကြည့်ခဲ့တာ။ ဦးငယ်ဆိုတဲ့ချစ်ခင်မှုတွေ၊တွယ်တာမှုတွေ ၊နွဲ့ဆိုး ဆိုးတဲ့အမှုအရာလေးတွေ ပျောက်ဆုံးသွားတာမို့ ဒါလေးတွေထာဝရမတွေ့ရတော့မှာလည်းကြောက်နေမိတာ သူဘယ်လိုရပ်တည်ရမလဲ...။

နှင်းဆီရိုးခိုင် Nơi câu chuyện tồn tại. Hãy khám phá bây giờ