ချစ်စရာကောင်းတယ်လို့တွေးမိရုံက
ပြဿနာမတတ်ပေမယ့် ချစ်တယ်လို့
တွေးမိရင်တော့ပြဿနာတွေရှိသွားပြီ။
တအားရှေးရိုးဆန်တာမဟုတ်ပေမယ့်
တကယ်လက်တွေ့မှာဒီလိုအချစ်နဲ့ကြုံလာတဲ့အခါမဖြစ်နိုင်ဘူးလို့ထင်နေမိတယ်။ယောင်္ကျား၊မိန်းမ ဖြစ်တည်မှုကြောင့်
လက်မလျှော့ချင်ဘူးဆိုရင်တောင်
ကွာခြားသောအဆင့်အတန်းတွေနဲ့
ကျွန်တော်တို့ဟာလုံးဝမဖြစ်နိုင်ခဲ့...။🌹🌹🌹
"ကျေးဇူးတင်ပါတယ် ကိုလေးသာမကယ်ရင်
ကျွန်တော်တို့ဒုက္ခတွေရောက်နေမှာ""မင်းတို့အဆင်ပြေသွားတယ်ဆိုတော့လည်းဝမ်းသာပါတယ် "
"အကိုလေးကအဲ့နေ့ကပိုက်ဆံမစိုက်နဲ့ဆိုတော့ ငါတို့လည်းမင်းတို့အတွက်တစ်ခုခုလုပ်ပေးချင်ခဲ့တာ ရော့ ကလေးအတွက်ပစ္စည်းတွေ..."
"မဟုတ်တာဗျာ အားလုံးရှိကြတာလည်းမဟုတ်ပဲနဲ့"
ဝူယောင်းမိသားစုအား
သူတို့ခြံအလုပ်သမားတွေအုပ်စုလိုက်ပေါင်းကာလာကြည့်ကြခြင်းဖြစ်ကာ
ဆေးရုံခန်းထဲစည်စည်ကားကားရယ်...။"ကျွန်တော်ရော ဝင်လာလို့ရလား"
အတောင်ပံကင်းမဲ့တဲ့နတ်သားလေးလို ...
အဖြူရောင်တွေအပြည့်နဲ့ဖြစ်တည်မှုလေးသည် ဆေးရုံခန်းတံခါးဝကနေ အကုန်လုံးကို
Surprise တိုက်လိုက်သည်။ကြည်လင်လှပသောအပြုံးလေးနဲ့
အကုန်လုံးပါးစပ်တွေဟသွားအောင်စွမ်းဆောင်နိုင်တာများ...မနာလိုချင်စရာ...။"ဂျီမင်း! လူနာလာမေးမယ်လို့မထင်ထားဘူး
လာပါ ထိုင်လေ"ရင်းနှီးကျွမ်းဝင်လှသောအခေါ်အဝေါ်ကြောင့်
အလုပ်သမားတွေအကုန်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးစိစိရယ်...။
မပြုံးနိုင်ခဲ့တာ...ဆူးလီတစ်ယောက်ထဲ...။"လာရမှာပေါ့ ကိုယ့်ခြံထဲလူတွေပဲလေ
မိသားစုတွေပဲ မဟုတ်ဘူးလား
ကလေးရောအမေရော ကျန်းမာရဲ့လား""ဟုတ် ကျန်းမာပါတယ်"
"ဒါဆိုသူဋ္ဌေးလေးကို ကျွန်တော့်တို့က
ရင်းရင်းနှီးနှီပြောလို့ရတယ်ပေါ့"
YOU ARE READING
နှင်းဆီရိုးခိုင်
Fanfictionနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022