ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတာက ဒီနှင်းဆီငယ်လေးကို အပိုင်စားရရှိထားတာ...။
အိမ်မက်လိုသေးသိမ်ခြင်းတွေ...။
အသည်းကွဲနေ့ရက်စွဲတွေ...။
လသာဆောင်ထဲ လမ်းခွဲခြင်းလှလှတွေ...။
များစွာစိတ်ကျခြင်းတွေပြီးဆုံးသွားတဲ့အခါ ချစ်တဲ့စိတ်တွေအား ဖုံးဖိမထားရဲတော့။အိတ်သွန်ဖာမှောက် ချစ်ခြင်းတရားတွေ၊အနားကနေ မခွာနိုင်အောင် ဖူးဖူးမှုတ်အလိုလိုက်ခြင်းတွေအား ဆက်သထားရသည်။ မချစ်ပြတတ်လည်း ချစ်ပြဖို့၊ ရှက်ရွံနေလည်း ချစ်ပြဖို့ ။ဒီစိတ်မရှည်တဲ့ နှင်းဆီဖြူဖြူလေး မငြိုးငယ်ရအောင် အစွမ်းကုန်ကြိုးစားရသည်။
အားလုံးနှင့်လဲလှယ်ပြီးရထားတဲ့ အဖိုးတန်လေးမို့ ကျွန်တော့်ကမ္ဘာငယ်ဟာ နေ့တိုင်းချစ်ခြင်းရနံ့တွေ သင်းပျံနေရမယ်။
တာဝန်ဝတ္တရားရအရမဟုတ်...။ကျွန်တော်သူ့အတွက်ကို ပုံအောပေးအပ်ချင်ခဲ့တာ...။
"အကို ကျွန်တော်တို့နေ့ရက်တိုင်းမှာ အမြဲတမ်းချစ်နေကြမယ်။ နည်းနည်းလေးအချစ်လျှော့သွားတာနဲ့ ကျွန်တော်ကရစ်မှာ သိတယ်မလား"
"ခင်ဗျားလေးက အချစ်တွေပိုပေးနေရင်တောင် ဘာလို့ပိုပေးတာလဲ ဆိုပြီး ရစ်တတ်တဲ့သူမဟုတ်ဘူးလား"
"ရစ်တာထက် ချစ်လို့ပါဗျာ။ကျွန်တော်က ဒီအပင်ပေါ်ကနှင်းဆီတွေကိုတောင် သဝန်တိုတယ်"
ရွှေရောင်ဆံပင်လေးတွေတလွှင့်လွှင်...။
နှုတ်ခမ်းလေးတစ်ထော်ထော် လက်ညိုးလေးတစ်ထိုးထိုးပြောတဲ့ဟန်ပန်က ချစ်စရာ...။ သူ့ယောင်္ကျားနေ့တိုင်းဖြစ်နေလည်း ချစ်သူရည်းစာဘဝကိုကျော်လိုက်ရလို့လားများလား နေ့တိုင်းသူချွဲနွဲမှုလေးတွေမှာ ရင်တလှပ်လှပ်...။"ပန်းတွေကို မမွှေးရဘူး ကျွန်တော့်ကိုပဲမွှေး...၊
ခဏခဏလည်းမထိနဲ့ ဆူးတွေဆူးမိမှာလည်း မကြိုက်ဘူး""ဒါက ကိုယ့်အလုပ် ကိုယ့်ဝါသနာလေ နည်းနည်းလေးလျှော့ပါအုံး"
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ဖွဖွလေးအုပ်ကိုင်ကာ အနည်းငယ်လှုပ်ရမ်းရင်းဆိုတော့ လက်ဖဝါးကြီးတွေကြားကနေ လှလှလေးပြုံးပြသည်။
![](https://img.wattpad.com/cover/305253711-288-k657114.jpg)
YOU ARE READING
နှင်းဆီရိုးခိုင်
Fanfictionနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022