7🌹

2.8K 419 115
                                    

နှင်းဆီ အဖြူလေးဖြစ်ဖြစ်၊အဝါလေးဖြစ်ဖြစ်
မနာလိုဖြစ်ရင် ရဲတတ်လာတာမို့
နှင်းဆီနီနီလေး ဖြစ်၊ဖြစ်သွားတတ်သည်။

အချစ်သင်္ကေတအဖြစ်
အိပ်ကပ်လေးထဲထည့်သိမ်းဆည်းခွင့်ရှိမလား...။  

.....            

"သူဋ္ဌေးလေး!"

"အမလေး ကိုကြီး!"

ကိုယ့်ဘာသာအတွေးများနေစဥ်
အနောက်ကနေရုတ်တရက်ရောက်လာတာမို့ လန့်သွားကာရင်ဘတ်လေးကိုဖိကာလှည့်ကြည့်လိုက်တော့ ဂျောင်ဂုဖြစ်နေသည်။

"ကိုကြီး? ဘယ်သူလဲ ကျွန်တော့်ကိုခေါ်တာလား"

"ခင်ဗျားကိုခေါ်စရာလား  ဆုတောင်း!"

မနေ့ကကိစ္စလေးတွေကသိပ်မကျေလည်သေး မချေမငံမျက်စောင်းလေးထိုးကာ
နှုတ်လန်ထိုးသည်။ တကယ့်ချစ်စရာဖူးဖူးဖောင်းဖောင်းလေး...။

"ခုနကဘာတွေ စိတ်ကူးယဥ်နေလို့
ဒီလောက်လန့်ရတာလဲ"

မျက်နှာနားထိတိုးကပ်စွာငုံ့မေးလာသူကြောင့် ဂျီမင်းအမြန်မျက်နှာလွှဲကာ ရှောင်ရှားလိုက်ရသည်။ ဒီလူ့ဂွစာသည်မလွယ်လွန်းလှပါ။

"ဘာမှ စိတ်ကူးမယဥ်ပါဘူး
ခင်ဗျားကရော ဒီအချိန်ကြီး ဘယ်ကပြန်လာတာလဲ"

တန်းလျားဘက်ကမဟုတ်ပဲ ခြံအဝင်ဘက်ကလာတာကြောင့် ဂျီမင်းမေးလိုက်ခြင်း...။

"ဖက်ထုပ်သွားစားတာလေ"

"ဒီအချိန်ကြီးလား အစောကြီးရှိသေးတာကို"

"ကျုပ်ကဒီအချိန်ပဲအမြဲစားနေကြ
ခင်ဗျားလေးလို အိပ်ပုတ်မှမဟုတ်တာ"

"ခင်ဗျားနော် ဒါဆိုလည်းကျွန်တော့်အတွက်ပါဘာလို့တစ်ခါတည်းမဝယ်လာတာလဲ"

"နိုးနေမှန်းမှမသိတာ ခင်ဗျားလေးက ပုံမှန်ဆို၁၀ နာရီလောက်မှ ထတာမဟုတ်လား အေးကုန်မှာပေါ့"

"လူကိုခင်ဗျားလေးလို့ခေါ်ရတာတော်တော်
သဘောခွေ့နေတဲ့ပုံပဲနော်"

"ကျွန်တော့်ကိုလည်းခင်ဗျားလို့ပြောတာပဲမဟုတ်လား"

ဟွန့် တစ်ခွန်းမှအနိုင်မပေးဘူး
ကပ်သပ်ပြီးပြောနေတော့တာပဲ ကြည့်မရလိုက်တာ...။

နှင်းဆီရိုးခိုင် Where stories live. Discover now