5🌹

2.8K 423 101
                                    

လေပြည်တွေရယ်...
ကျွန်တော့်နှင်းဆီလေးကိုတွန့်တိုလွန်းလို့
ဖြည်းဖြည်းလေးတိုတ်ခတ်ပေးလို့မရဘူးလား...။

ဂျောင်ဂုနဲ့ဂျီမင်းပန်းဖိုးတွေရှင်းပြီးတဲ့အခါ
ပြန်လာကြသည်။ ရွှေဝါရောင်ဆံသားတို့သည်လေထဲတစ်လွှင့်လွှင့်...။ လေအများကြီးတိုက်ခတ်ထားတာကြောင့် မျက်ပေတုံးလေးတွေပိုမှေးစင်းသွားကာ သိပ်တော့မပွင့်တော့...။
ဆိုင်ကယ် ဘက်မှန်ထဲကနေလှမ်းကြည့်ကာ
သူ့မှာရယ်မိ​ပြန်သည်။ ချစ်စရာမကောင်းတဲ့အချိန်လေးများရှိရဲ့လား...။

ဂျီမင်းသည်လည်း မွန်းကျပ်လွန်းသော
မြို့ပြနဲ့ဝေးကွာပြီးလတ်ဆက်လွန်းသောပတ်ဝန်းကျင်ကြောင့် အများကြီးသဘောကျနေမိသည်။

ပန်းဝါဝါစိုက်ခင်းတွေရယ်...
ညနေဆည်းဆာလေးရယ်...
ကောင်းကင်ပြာပြာနှင့်
အေးအေးငြိမ့်ငြိမ့်လေပြေလေညင်းလေးရယ်...

သဘာဝနဲ့ထိတွေ့လိုက်ရခြင်းသည်
စိတ်အစုံမှာလန်းဆန်းနေခဲ့သလို...
ကျောပြင်ကျယ်သည်လည်းနွေးထွေးမှုအပြည့်...။ဘာမှမတွေးတောနိုင်စွာ ခေါင်းလေးမှီချလိုက်သည်။

နွေးထွေးလိုက်တာ...
တဒင်္ဂလေးအတွင်းမှာနဲ့တင်
ဘာလိုချင်မှုတက်မက်မှုမှမရှိတော့ပဲ
ခင်ဗျားကျောပြင်ထက် သံသရာတစ်လျှောက်လုံး မှီသွားလိုက်ချင်တဲ့လောဘငယ်တွေ...။

မဖြစ်နိုင်ပါဘူး ဘာတွေလျှာက်တွေးနေတာလဲ ငါမှသူ့ကိုကြည့်မရတဲ့ဟာ...
ပြီး​တော့ ငါကအဖြောင့်...။

ဂျောင်ဂုသည်လည်းရင်ခုန်သံတွေမြန်လွန်းလို့မနည်းထိန်းချုပ်ထားရသည်မှာ
ခါးအားလက်လေးတွေနဲ့ရစ်တွယ်ထားတဲ့အပြင် ခေါင်းလုံးလုံးလေးက
သူ့ကျောပြင်အားမှီချလာသည်။
ဆိုင်ကယ်တွေမှောက်ကုန်တော့မှာပဲ...
အာရုံစိုက်စမ်းးး ဂျွန်ဂျောင်ဂု!

ကိုယ့်ကိုကိုယ်အတန်တန်သတိပေးကာ
တုန်ယင်နေသောလက်တွေအားထိန်းချုပ်ရင်း ရအောင်မောင်းနှင်ခဲ့ရသည်။
သူလေးက​တော့ဘာမှမဖြစ်သလို
အေးအေးဆေးဆေးမှီပြီးလိုက်လာသည်။
ဖက်ထားတဲ့လက်လေးတွေတုန်နေတာကိုတော့ ဂျောင်ဂုသတိမထားမိလိုက်...။

နှင်းဆီရိုးခိုင် Où les histoires vivent. Découvrez maintenant