9🌹

2.9K 412 193
                                    

သူနီးကပ်လာလေလေ အသက်မရူရဲတော့ခြင်းသည် ပို၍ဆိုးဝါးလာကာ စုံမှိတ်ထားသောမျက်ခွံမို့မို့လေးတွေသည်လှုပ်လှုပ်ယွယွ...။

နှုတ်ခမ်းတွေကိုတစ်ခုခုလာထိတဲ့အခါ
ကိုယ်လုံးငယ်လေးဆက်ကနဲ တုန်ကာလန့်သွားတယ်..။ဒါပေမယ့် ထိတွေ့သွားတာက
သူထင်သလိုနှုတ်ခမ်းတွေမဟုတ်ပဲ
လက်ချောင်းတွေ...

မှိတ်ထားသောမျက်ဝန်းလေးတွေ
နားမလည်ခြင်းများစွာနဲ့ပြန်ပွင့်သွားသည်။

"ကလေးကျနေတာပဲ
စားထားတာ ပေပွနေရော"

"ဟင်"

နမော်နမဲ့ကောင်ငယ်လေးသည်
ညစ်ပေတူးလေးဖြစ်နေတာကြောင့်
သတိလွတ်စွာထိုနှုတ်ခမ်းငယ်တွေအား
သုတ်ပေးလိုက်ခြင်း...။
စားထားတာလေးတွေ၏အကြွင်းအကျန််တွေသည် နှုတ်ခမ်းဖူးငယ်ကို သဘောကျ၍လိုက်ပါလာသလားလို့
ထင်ရအောင်... ပေပေပွပွလေးနှင့်
ချစ်စရာကောင်းစွာပို၍စုထော်လာသည်။

လက်မနဲ့သူ့နှုတ်ခမ်းဖူးဖူးလေးတွေအားထိတွေ့မှု ကြာညောင်းလာကာ နှစ်ယောက်သားအခြေအနေကအိုးတိုးအန်းတန်းရယ်...။

"သြော် sorryနော် ပေနေလို့သုတ်ပေးတာ"

မျက်ဝန်းကျဥ်းတွေကနားမလည်သလိုကြည့်နေတာမို့ လက်ဖယ်ကာဖြေရှင်းလိုက်ရသည်။

"အာ... ရပါတယ်"

သုတ်ပေးတာတဲ့လား...အား ဘတ်ဂျီမင်းရေ...။

ဂျီမင်းမျက်နှာလေးသည်နှစ်ဆနီရဲလာကာ
မြန်မြန်ရှောင်လွဲသွားသည်။
ရှက်လွန်းလို့သေတော့မှာပဲ ဒီလူဂွစာနဲ့တော့...။

"ဒါနဲ့ ခုနက ဘာလို့မျက်လုံးမှိတ်သွားတာလဲ"

"ဘယ်မှာမှိတ်လို့လဲ မမှိတ်ပါဘူးနော်"

သူ့မေးခွန်းကြောင့်လူကထရမလို၊ထိုင်ရမလိုနဲ့ ရှက်ရမ်း၊ရမ်ကာ ဗြောင်ငြင်းပလိုက်သည်။
ငါကရော ဘာလို့မျက်စိမှိတ်လိုက်တာလဲ...။

"မှိတ်လိုက်ပါတယ် သေချာမြင်လိုက်တာပါ"

"ဟုတ်တယ် မှိတ်လိုက်တယ်ဗျာ မှိတ်လိုက်တယ်ဘာဖြစ်လဲ အမှုန်ဝင်သွားလို့"

နှင်းဆီရိုးခိုင် Onde histórias criam vida. Descubra agora