ခြေဆစ်လေးတွေကအစအဆင်ပြေအောင်
နှိပ်နယ်ပေးသည်။
သေချာလေးဂရုတစ်စိုက်ပြုမှုပေးခဲ့ခြင်းသည် ဟန်ဆောင်ခြင်းတွေမပါခဲ့...။
သူ့အလုပ်တစ်ခုလိုစေတနာပါပါအေးအေးဆေးဆေးလေး...။ယောင်္ကျားလေးတစ်ယောက်ကတခြားယောင်္ကျားလေးတစ်ယောက်အပေါ် ထို့သို့နူးနူးညံ့ညံ့ပြုမှုခြင်းသည် ထူးဆန်းနေမလားမသိပေမယ့် အလိုအလျောက်ဖြစ်ပေါ်လာသော
ဂရုစိုက်ပေးချင်သောစိတ်သည်ထိန်းမရခဲ့...။
ဒီအမျိုးသားငယ်လေးနဲ့မှ
သေချာပေါက် လွန်လွန်ကဲကဲစေတနာတွေပိုနေခဲ့သည်။"ရပါပြီ သူဋ္ဌေးလေး"
"ကျွန်တော့်ကို သူဋ္ဌေးလေးလို့မခေါ်နဲ့"
"ဗျာ!"
"ကျွန်တော့်မှာနာမည်ရှိတယ် သူဋ္ဌေးလေးမဟုတ်ဘူး"
"ကျွန်တော်က သူဋ္ဌေးလေးမို့သူဋ္ဌေးလေးလို့ခေါ်တာလေ သူဋ္ဌေးလေးလို့မခေါ်လို့
ဘယ်လိုခေါ်ရမလဲ သူဋ္ဌေးလေးရဲ့"မခေါ်ပါနဲ့ ဆိုကာမှ သူဋ္ဌေးလေးကြီး
ထပ်နေအောင်ခေါ်နေသောကြောင့်
နှင်းဆီငယ်လေးမျက်နှာအလိုမကျသလို
ရှုပ်မဲ့သွားသည်။"အဲ့သူဋ္ဌေးလေးဆိုတာကြီးကိုမခေါ်ပါနဲ့တော့
နားတွေလည်းယားလာပြီ
တောဆန်လွန်းတယ်
နာမည်ပဲခေါ်ပါရတယ်"ရင်းရင်းနှီးနှီးခေါ်စေချင်တယ် လို့ပြောလိုက်လည်းရပေမယ့် ဂျစ်တိဂျစ်ကန်လေးက
သူ့နည်းသူ့ဟန်အတိုင်းပဲ...။"ဟုတ်ကဲ့ ဂျီမင်းရှီ လို့ခေါ်ပါ့မယ် သူဋ္ဌေးလေး"
"ခင်ဗျားကတော့နော်"
"နှုတ်ကျိုးနေပြီ သူဋ္ဌေးလေးရဲ့"
ရယ်သွေးဖြန်းတဲ့
မျက်စောင်းသေးသေးလေး...
အသဲယားစရာအကောင်းဆုံးအဖြစ်
စံချိန်တင်စရာကောင်းလောက်အောင်
ချစ်စရာရယ်...။စူးစူးစိုက်စိုက်ငေးမိနေတဲ့ မျက်ဝန်းစူးစူးတွေကရော ဘာထူးသေးလဲ
လှ၍လှလွန်းပါသောအကြည့်များသည်
စံချိန်တင်လောက်ရအောင်ကြည်နူးစရာ...။ပြိုင်ဘက်ကင်းသောစံချိန်တင်မှုလေးတွေသည်
ခြေတံရှည်အိမ်လေးထဲ နူးနူးညံ့ညံ့လေး...။
YOU ARE READING
နှင်းဆီရိုးခိုင်
Fanfictionနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022