20🌹

2.7K 382 189
                                    

နှင်းဆီတစ်ပွင့်ကိုမြတ်နိုးဖို့ဆို ဘာတွေပေးဆပ်ရမလဲ ...

သည်းခြေပျက်အောင် သူတို့သံယောဇဥ်တွေကြီးမားပြတဲ့အခါ သေးသိမ်သွားသလိုပဲ
နဂိုထဲကသိမ်ငယ်ရသူမို့ နဂိုထဲက ရှေ့ဆက်ဖို့ခြေလှမ်းတွေကိုကြောက်သူမို့ ဒီလိုလေးသူငြင်းပယ်တဲ့အခါ ဘာကိုမှစောဒကမတတ်ရဲ...။

ဘယ်လောက်​တောင်လက်မလွှတ်ပေးချင်လဲဆိုတော့ ကလေးလေးလိုဒေါက်တာ့ကိုငိုယိုတိုင်တန်းမိသည်အထိ...။

ပြန်တော့ဆိုပေမယ့် လွယ်လွယ်ကူကူမလျှော့ပေးချင်တဲ့ ညာဥ်လေးကရှိလာပြန်တယ်။

ကိုယ့်ကိုခွင့်လွှတ်နှင်းဆီငယ်... ။

♡♡♡

နှင်းဆီတန်းတွေကြား ဂါဝန်ရှည်ပန်းရောင်လေးနဲ့လှတပတ မိန်းမပျိုလေးသည် တစ်ခုခုကိုစိုးရိမ်ပူပန်သည့်ဟန် ...။ ရွယ်တူအကိုင်းလေးတွေအား ညီညာအောင်ဖြတ်နေရပေမယ့် စိတ်ကမပါ။

"အ"

ဆူးပြန်ပြီ။ သူမဒါနဲ့ဆို နှင်းဆီဆူး၊ဆူးတာသုံးခေါက်မြောက်ရှိပြီ။ ကိုလေးသာရှိရင်အဆူခံထိတော့မှာပဲ။ကိုလေးနဲ့ကအကြာကြီးမှမခွဲဖူးတာ ဟိုရောက်နေပြီဆိုလည်းအဆက်အသွယ်တော့လုပ်ပေါ့။
ဘယ်လောက်​တောင်အပျော်လွန်သွားလို့ နှင်းဆီမြိုင်မှာကိုယ့်ညီမတစ်ယောက်လုံးကျန်ခဲ့တာကိုမေ့လျော့နေရတာလဲ...။ အဲ့ဒါကြောင့်အကိုလေးကိုချစ်သူမရစေချင်တာ။

"ကျစ် ! ဆူးလီရာ..."

"ရတယ် ငါမှ ဘာမှမဖြစ်"

လက်ညိုးလေးကိုဆွဲငုံပစ်လိုက်တဲ့သူ ...။
ရင်တွေလှိုက်ကနဲခါသွားရသည်။
အရင်တုံးကတော့ငြိုးငြိုးငယ်ငယ်နဲ့အချစ်ပဲတောင်းခံလာတဲ့ မင်ဟိုက လက်တွေအားအတင်းဆွဲယူကာ ဇွတ်တရွတ်လုပ်တဲ့ပုံစံသည်အနည်းငယ်တော့ကွဲကွဲပြားပြား...။မျက်ခုံးတန်းတွေစုပြီး စိတ်တိုနေသလိုပုံစံသည် ဆွဲဆောင်မှုရှိနေတာကို မငြင်းဆန်နိုင်။

တစ်ချို့လူတွေက အပြုံးအေးအေးလေးတွေထက် ထိုတစ်ဇောက်တိတစ်ဇောက်ကန်းအမူအရာတွေကိုပိုစွဲလမ်းတတ်ကျတာ မှား​တော့မမှားဘူး။သူမသည်လည်းထိုထဲမှာမသိမသာပါတော့မယ်ထင်ပါရဲ့...။

နှင်းဆီရိုးခိုင် Where stories live. Discover now