လောဘဆောင်သောချစ်ခြင်းလောင်းရိပ်တွေနဲ့ပျိုးမိတဲ့အခါ နှင်းဆီပွင့်ချက်လွှာတွေဟာ နွမ်းနွမ်းဖတ်ဖတ်...။ရင်ထဲမျိုးစေ့ချခဲ့သောနှင်းဆီလေးမို့တစ်ပါးသူကိုပေးလိုက်ရမှာသိပ်ရင်ထိပ်မိပါသည်။
ဂျီမင်းသည်သူ့အားအရင်လိုမတွယ်တာတော့
အိမ်ကြီး၏အရိပ်အာဝါသအောက်အတူတူရှိနေပါရက်နဲ့ ငိုကြွေးသံတွေအပြင်ပိုမကြားရ
မင်္ဂလာပွဲ ပျက်ဖို့အစွမ်းပြနေသူငယ်သည်
သံယောဇဥ်လည်းမရှိတာမဟုတ်ပါဘဲ....။လေသာဆောင်မှာ ရွေရောင်ဆံစလေးတွေကခပ်ဝဲဝဲ လျော့တိလျောရဲ့ညဝတ်အင်္ကျီလေးတွေကလည်းလေထဲလွင့်နေသူကလေးငယ်သည် သူ့အားကျောပေးထားဆဲ...။
"ထမင်းစားရအောင်လေ ကလေးပေါက်"
"မစားဘူး"
ဦးတည်ရာလေးကငြုစူပြန်သည်။
ချစ်လို့အပိုင်လိုချင်မိတာကို အပြစ်ကြီးတစ်ခုလုပ်ထားသလို...။ လက်ရှိတော့ထမင်းပန်းကန်ကြီးကိုင်ထားကာ ကလေးထမင်းချော့ကျွေးတဲ့ဖခင်ကြီးဇာတ်ရုပ်။"ဦးငယ်ခွံကျွေးမယ်လေ မစားပဲမနေပါနဲ့
ကိုယ့်သတို့သားလေးရဲ့ပါးဖောင်းဖောင်းတွေပိန်သွားလိမ့်မယ်""ဦးငယ်!"
မနက်ဖြန်၊သဘက်ခါ မရမက အရူးကြီးလိုမင်္ဂလာတွေသာဆောင်ချင်နေတာ ဟိုကသတို့သားလေးလို့စတာတောင်မကြိုက်။ဒီကလေးပေါက်လေးကသံယောဇဥ်ကြောင့်ထွက်မပြေးနိုင်တာသိပေမယ့် ဒါလေးနဲ့ကလွဲ ချည်နှောင်စရာလည်းမရှိတာမို့ ဂျင်လည်း ကြံရာမရ...။
ကြေတွန့်နေသောညဝတ်ဝတ်စုံဖက်ဖူးစိမ်းရောင်လေးနဲ့ဆံပင်ဝါဝါလေးတွေလည်းမဖြီးမသင်၊နှုတ်ခမ်းတစ်ဆူဆူနဲ့ မျက်နှာလည်းသစ်ပုံမရ၊ဂျစ်တူးတူးနဲ့ သူ့အခန်းထဲပြန်ဝင်သွားကာ ခုတင်ပေါ်သွားထိုင်ပြန်သောသူ...။
ဂျင်ကတော့နီညိုရောင်အပျော့သားတီရှပ်လက်ရှည်ကိုမှ လည်ဟိုက်နှင့်အဖြူရောင်စတိုင်ပန့်ကိုတွဲဝတ်ထားကာ တစ်မျိုးတစ်ဖုံလူငယ်ဟန်ပေါ်အောင် ရှေ့ဆံပင်များပါချထားသည်။ချောမောပြီးသားလူမို့ ဘာနေနေလိုက်နေပြီးသားပင်...။
YOU ARE READING
နှင်းဆီရိုးခိုင်
Fanfictionနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022