8🌹

2.6K 398 176
                                    

စတင်မြတ်နိုးခြင်းခဲ့ခြင်း၏အပိုင်းအစလေးသည် ရှက်ရမ်း၊ရမ်းကာနီသွားတတ်တဲ့ပါးပြင်မို့မို့လေး...။

တစ်ကိုယ်လုံး ချစ်စရာမကောင်းတဲ့နေရာတစ်နေရာမှမရှိပေမယ့် ထိုပါးပြင်ရဲရဲလေးတွေက​တော့
ရင်ခုန်ရခြင်း၏အဓိကအက္ခရာ...။

....

"ကလေးပေါက် ထတော့လေ "

ဂျီမင်းအပေါ်မှတက်ဖိကာ ဂျင်သည်
မနိုးမချင်းနားထဲအား လေတွေ
လိုက်မှုတ်ကာ စ နေသည်။
ဒီကာလနဂါးသေးသေးလေးကနှိုးရတာ
လွယ်မှမလွယ်ပဲ.....။

"ပြွတ်စ် ပြွတစ်် ပြွတ်စ််"

ပါးဖောင်းဖောင်းလေးတွေအား အတင်းအကျပ် ဖိသိပ်နမ်းကာ အသည်းယားမိပြန်​တော့စောင်ပုံထဲ တိုးဝင်သွားသည်။ ဒီကလေးပေါက်က​တော့...။

"ဦးငယ်ပါပြန်အိပ်ချင်လာပြီနော်
ဒီတစ်ခါ​နောက်ဆုံးပဲ ထပ်မနှိုးတော့ဘူး"

ခါးလေးအားသိုင်းဖက်ကာ အိပ်ယာထက်လှဲချလိုက်ပြီမို့ ဂျီမင်းမထမနေ ၊ထရတော့မည်။ ဦးငယ်ပြန်အိပ်ပျော်သွားရင်
သူလည်းဒီမနက်ထဖြစ်မှာမဟုတ်တော့...။

"ထပြီ၊ ဦးငယ် ရယ်
သူ့ကိုအားကိုးပြီးနှိုးခိုင်းပါတယ်ဆို "

"ဘယ်သွားဖို့လဲ ပြောပါအုံး
ဒီအချိန်ကြီး နှိုးခိုင်းတာ"

"ဖက်ထုတ်စားမလို့"

"ဟောဗျာ အစောကြီး"

"ဦးငယ်ရော လိုက်အုံးမလား"

"တော်ပါပြီ ဦးငယ်ကပြန်အိပ်အုံးမှာ
ကလေးပေါက်ကထချင်တယ်ဆိုလို့နှိုးပေးတာ"

"ဟီး ဦးငယ်ချောချောလေးကျွန်တော်ကြောင့်သက်သက်ပင်ပန်းသွားတာပဲ
ကျွန်တော်ကလဲ Alarm လောက်နဲ့မနိုးလို့"

ဂျင့်အားခွကာ တီတီတာတာအသံသေးသေးလေးတွေနဲ့ ကလေးပေါက်သည်
ချွဲနေပြန်သည်။

"ကလေးပေါက်ထူးဆန်းနေတယ်ညော်
အစောကြီးလည်းထပြီး ဦးငယ်ကိုလည်းချွဲနေတယ်"

"မချွဲပါဘူး ဘယ်သူကချွဲလို့လဲ"

"ဟုတ်ပြီ ဦးငယ်လည်းအိပ်ချင်နေလို့
မစစ်မေးတော့ဘူး နောက်မှမေးမယ်ဟုတ်ပြီလား"

နှင်းဆီရိုးခိုင် Where stories live. Discover now