4🌹

3.1K 451 139
                                    

မွေးလွန်းတဲ့ရနံကြောင့် ပြောစမှတ်တွင်တယ်~
လှပတဲ့ဂုဏ်သတင်းကြောင့်ချူလိုသူတွေများတယ်~
လက်ဖက်ရည်ကြမ်းလေးဖြစ်သွားရင်​တောင် မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတုံး~~~

နှင်းဆီငယ်ဟာ ထိုသို့ဂုဏ်သတ္တိအဖြာဖြာရယ်ပါ။

ကျွန်တော်ချစ်လား၊မချစ်လားထက်
ချစ်ဖို့ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်းတွေ
ထုတ်ချင်စရာ...။

•••••••••••••••••••••••♡•••••••••••••••••••••

"ရေသုတ်လိုက်အုံးနော်
မဟုတ်ရင်ဖျားနေလိမ့်မယ်"

သဘတ်လေးတိုးပေးမိလိုက်တဲ့အခါ
မျက်ပေတုံးလေးကအထူးအဆန်းလို
ဂျောင်ဂုကိုကြည့်လာသည်။
ထူးဆန်းမှာပေါ့...ထမ်းသယ်ပြီးမောပန်းလာတဲ့သူက အေးဆေးလိုက်လာတဲ့လူကို
ကြံဖန်စိတ်ပူနေတာကိုးး...။

"မမောဘူးလား ရေအရင်သောက်လိုက်ပါအုံး
ကျွန်တော့်ကိုပဲ စိတ်ပူမနေနဲ့"

"မင်းကိုတာဝန်ယူပြီးခေါ်လာရတာလေ
မင်းတစ်ခုခုဖြစ်ရင် ဦးငယ်ကကျွန်တော့်ကို
ဆူမှာပေါ့ "

"ဝတ္တရား အရပေါ့လေ အဲ့ဒါဆို"

"ဒါပေါ့တခြားရှိသေးလား"

ဟုတ်မှာပေါ့ ဝတ္တရားအရပေါ့
ကိုယ့်သူဋ္ဌေးရဲ့သားမို့တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဂရုစိုက်ပေးတာပဲလေ
ဘတ်ဂျီမင်း မင်းဘာတွေမျော်လင့်နေတာလဲ...။

နှုတ်ခမ်းလေးတွေမသိမသာစူသွားခြင်းသည်
နှင်းဆီဖူးလေးတွေလို....

"ကားခါးပတ်လည်းမပတ်ထားဘူး"

အသံမထွက်တော့သူလေးကိုလည်း
သူလည်းနားမလည်တော့...
မျက်နှာလွှဲကာဟိုဘက်သို့လှည့်ထားပြန်သည်။

"နေပါတော့ ကျွန်တော်ပဲတပ်ပေး​တော့မယ်"

ပြောပြောဆိုဆို နဲ့ကားခါးပတ်ကြိုးလေးအား
လှမ်းဆွဲကာ တပ်ပေးလိုက်သည်။
ကိုယ်လေးအားရုတ်တရက်အုပ်မိုးသလို​ဖြစ်သွားတာကြောင့် ဂျီမင်းလန့်သွားသည်။
ဒီလူလုပ်လိုက်ရင်အမြဲတမ်းဇိုးကနဲ ဇတ်ကနဲ...။

နှင်းဆီရိုးခိုင် Where stories live. Discover now