Candy ချိုမြမြလေးထဲ တိတ်တဆိတ်ပါလာသောဆေးခါးတွေလို... အချိုလေးတွေပဲဟုသတ်မှတ်ကာမျက်လုံးစုံမှိတ်မြိုချပစ်ရတော့မယ့်အဖြစ်...။
ကံကြမ္မာဖန်တီးသူကသိပ်၊သိပ်နောက်သည်။နေ့တာရှည်တဲ့နွေမှာတောင်
ဒီနေ့ကျမှ မရောက်ချင်သော
ညဆီကိုချက်ချင်းရောက်လာသလို......။လက်ကလေးဆွဲပြီး
ထွက်ပြေးချင်ခဲ့တာပါ...။
လက်မခံပါနဲ့လို့ ငိုယိုတောင်းပန်ချင်ခဲ့တာပါ..။ခန့်ညားချောမောနေသောဒေါက်တာနဲ့
နုနုရွရွဖူးဖူးကြွကြွချစ်စရာသူဌေးလေး
မလိုက်ဖက်လွန်းဘူးလားဗျာ...အရံလူ၊ဘေးလူပီသစွာကျွန်တော်ကျေနပ်ချင်ခဲ့တာပေါ့... သူများရင်ခွင်ထဲတသိမ်းတပွေ့ပါလာသူလေးကို ကြည့်ကာ နှလုံးသွေးတွေသည် တစ်ဆစ်ဆစ်နဲ့ရယ်....။
မချီနဲ့ လို့ပြေးလုချင်ပေမယ့် တကယ်တမ်းကျ ချီပြီးခေါ်ရလောက်အောင် သူတို့ဘယ်လောက်တောင်ရင်းနှီးတာလဲဆိုပြီးအတွေးများရပြန်သည်။ငိုချင်လိုက်တာ....
ဟန်ဆောင်ခြင်းအနုပညာတွေလည်းမကျွမ်းကျင်တော့... ကိုယ့်ကိုကိုယ်ပိုသိလာရခြင်းသည် ရူးလောက်စွာ...။ကိုယ်တိုင်နှလုံးသားတွေချနင်းပေးလိုက်ရတဲ့
ဖြစ်အင်မျိုး ကျွန်တော့်လောက်ဘယ်သူကပိုဆိုးရွားပါ့မလဲ ...တုံးအစွာကျွန်တော့်လောဘငယ်လေးအပေါ်စွန်ခွာမိခဲ့တာ...။နှင်းဆီလေးကိုခူးခြွေတဲ့အခါညှာတံရိုးခိုင်လေးဟာကျိုးကျိုးကြေကြေ...။
××××××××××××××××××××××××××××××
"ကလေးကိုချစ်တယ်
ကိုကြီးကို လက်ထပ်ခွင့်ပေးပါ"နေမင်းကြီးလိုဝင့်ဝင့်ထည်ထည်ပြုံးကာ
လက်စွပ်ဘူးလေးအားဖွင့်ကာ ဒူးထောက်ထားသောကိုကြီးနူးညံ့လွန်းပါသော ထိုအကြည့်ထိုအပြောထိုအပြုံးတွေရယ်...
တကယ်ကိုမှင်သက်စရာရယ်ပါ...။
တိုတောင်းပြတ်သားလွန်းတဲ့တောင်းဆိုမှုတစ်ခုမှာ ဂျီမင်းမျက်လုံးတွေပြာဝေသွားရသည်။
ရိပ်မိပါတယ် ကိုကြီးမရိုးသားခဲ့မှန်း...
ဒါပေမယ့်ဒီလောက်မြန်ဆန်စွာဝန်ခံလာမယ်လို့တော့လုံးဝမထင်ခဲ့...။

KAMU SEDANG MEMBACA
နှင်းဆီရိုးခိုင်
Fiksi Penggemarနှင်းဆီတွေဘယ်လောက်လှလှ ရိုးခိုင်းတွေမရှိတော့ရင် အသုံးမဝင်တဲ့ ပွင့်ချက်လွှာသက်သက်ပဲလေ ဘယ်လိုလှနိုင်အုံးပါ့မလဲ...။ Start♡April 1 2022 End ♡ July 31 2022