11🌹

2.7K 430 182
                                    

ခူးဆွတ်ချင်သော စိတ်တွေအလျင်းမရှိ...
လှလှလေးထိုင်ငေးကြည့်ချင်သောဥယျာဥ်မှူးလို...လောဘငယ်တွေကိုသိမ်းဆည်းပစ်ခဲ့တာ...။ဒါပေမယ့်နှင်းဆီငယ်ကတောက်လောက်အောင်သိပ်ရှို့တတ်တယ်။

ခြေတံရှည်တွေနဲ့ဆေးရုံထဲပြေးလာတဲ့တစ်စုံတစ်ယောက်၊ဂျူတီကုတ်အဖြူရောင်ကအနည်းငယ်လျော့တိလျော့ရဲကြေမွနေခဲ့ကာ နဖူးပြင်ကျယ်မှာလည်း ချွေးတွေစို့နေခဲ့သည်။ သေချာပေါက်ဂျယ်ဂျူဆေးရုံ၏တာဝန်ကျဆရာဝန်တော့ဟုတ်မနေခဲ့ဘူး...။

"car accident နဲ့ရောက်လာတဲ့
လူနာ ဂင်မင်ဟို အခန်းနံပါတ် 7ကိုဘယ်လိုသွားရမလဲခင်ဗျ.."

"တတိယထပ်မှာပါ"

"ကိုကြီးလား!"

မင်ဟို့အကြောင်းသူနာပြုအားမေးမြန်းနေသော သန့်ပြန့်ခန့်ညားသောအမျိုးသားတစ်ယောက်၊ရှည်လျားသောအရပ်နှင့်
ဘေးတိုက်မျက်နှာအမျိုးအစားဟာ ဂျီမင်းမှတ်မိသော ကိုကြီး၏ပုံစံမို့ မေးလိုက်သည်။

"ဂျီမင်း...ဂျီမင်းလားဟင်"

မင်ဟိုပြောခဲ့သလိုပဲ ဂျီမင်းကချစ်စရာအသံလေးတွေကအစမပြောင်းလဲသောပါပဲ
ရင်တစ်လှပ်လှပ်နဲ့လှည့်ကြည့်မိလိုက်တဲ့အခါ
ဟိုးအရင်တုံးကလိုရင်ခုန်မှုတွေပေးစွမ်းနိုင်တုံး...။

ဒီအပြင်ကသေးသေးလေးက ရင်ထဲကသေးသေးလေးကို လွှမ်းမိုးနေနိုင်တုံးပဲ...။
အချိန်တွေကြာမြင့်ခဲ့ပေမယ့်လေ...။

ဂျီမင်းခေါင်းငြိမ့်ပြလိုက်ရင်း မျက်ရည်တွေစီးကျလာသည်။တင်းထားသောစိတ်တွေသည့ကိုကြီးရှေ့ရောက်ရင်အလိုလိုအရည်ပျော်မြဲ။
ဒါဟာဟိုးအရင်ထဲနှင်းဆီလေး၏ပုံသေနည်း။
မင်ဟိုကိုသူစောင့်ရှောက်ပေးခဲ့ရမှာ...
ကိုကြီးကိုဘယ်လိုမျက်နှာပြရပါ့မလဲ...။

"အငိုသန်လေးကငယ်ငယ်တုံးကအတိုင်းပဲ
တိတ်တော့ ဂျယ်လီဝယ်ကျွေးမယ်"

"ကိုကြီးကလည်း"

ရွှေရောင်ဆံပင်အိအိလေးထဲ
လက်ဖဝါးကြီးတို့တိုးဝင်ကာ အငိုတိတ်စေရန်
စ​နောက်ချော့မြူခဲ့သည်။ အရပ်မညီမျှမှုကြောင့် ကိုယ်လေးကိုင်းကာ နှင်းဆီငယ်အားကြည့်ခဲ့သောမျက်ဝန်းတွေသည် ရိုးရိုးရှင်းရှင်းပေမယ့် အရောင်တွေနဲ့တခမ်းတနားရယ်...။

နှင်းဆီရိုးခိုင် Onde histórias criam vida. Descubra agora