17🌹

2.8K 408 177
                                    

ချစ်ခြင်းချောက်လှလှလေးထဲ
မေတ္တာနွယ်တွေနဲ့အားပြုပြီး
ရုန်းထွက်ဖို့တွေးခဲ့တယ်။မနိုင်လှပါဘူး
အချစ်တွေပြင်းရှလွန်းတဲ့အခါ
မေတ္တာတွေလည်းအရှုံးပေးရတယ်။

မွေးကတည်းက ချစ်ရတဲ့အနှီးထုတ်လေးမှစ
မေတ္တာငယ်တွေသည်ကြီးခဲ့သည်အထိမပျက်ယွင်းခဲ့...။
သူ့အမေချစ်သောနှင်းဆီဖြူတွေလို ကြည်လင်ရှင်းသန်းနေတဲ့ဖြစ်တည်မှုလှလှလေး...။အမူအရာလေးတိုင်းကိုချစ်လွန်းလို့
သူ့မှာအနှီးစလေးနဲ့ပြန်သိမ်းထုတ်ထားချင်ခဲ့သည်။ဖုံးကွယ်ဝှက်ထားခဲ့သောအစိတ်အပိုင်းတွေပေါ့​​...။

ရုပ်ချောရဲ့သားနဲ့လူပျိုကြီးဖြစ်နေတာ
ဒီကလေးလေးကြောင့်ကလွဲရင်တခြားရှိပါ့မလား...။

ဆယ်ကျော်သက်အရွယ်မှာစသိလာခဲ့ရတဲ့
ဝန်တိုခြင်းနဲ့အရောင်ရှိသောချစ်ခြင်းတွေ....

ဟင့်အင်းမဖြစ်နိုင်လိုက်တာ လို့ငြင်းဆန်ခဲ့ပေမယ့် ကလေးပေါက်၏ပါးဖောင်းဖောင်းလေးတွေကို နမ်းရှိုက်မိတဲ့အခါ ဒါဟုတ်သည်။
အကျင့်ဖြစ်နေသောအနမ်းတွေပေမယ့်
ရင်ခုန်ခဲ့ခြင်းတွေကဘယ်လိုမှငြင်းဆန်မရ...။

သူတိုအိမ်၏သွေးသားရင်းမဟုတ်ဘူးဆိုတဲ့အခြေအနေတွေကိုအမှန်တိုင်းသိလာလိုဝမ်းနည်းခဲ့ရသမျှ ဒီကလေးလေးကိုတစ်နေ့ထက်တစ်နေ့ပိုချစ်တာ၊သေချာလာတာနဲ့အမျှ သွေးသားရင်းမဟုတ်တာကိုပဲ ကံကြမ္မာကိုကျေးဇူးတွေတင်ရသည်။

လက်ထပ်မယ့်အကြောင်းကိုကလေးကျောင်းပြီးပြီးချင်းပြောမလို့ပေမယ့် ခရီးလေးတစ်ခုထွက်ကာပို၍နှလုံးသားချင်းနီးချင်ခဲ့သည်။
နှလုံးသားချင်းတော့နီးသွားခဲ့ပေမယ့်
ကိုယ်နဲ့မဟုတ်ခဲ့...။ တရားလိုက်တဲ့ကံကြမ္မာတွေ....။

မခံမရပ်နိုင်သောနှလုံးသား၏စိတ်ဖိစီးမှုသည် မထင်ထားလောက်အောင်အပူတပြင်းတောက်လောက်လာတဲ့အခါ နူးညံ့စွာပြောဖို့ရည်ရွယ်ထားခဲ့ခြင်းတွေသည်ဖရိုဖရဲတွေဖြစ်လို့....။

"ရူးသွားတာလား နောက်နေတာလား
ဘယ်လိုလုပ်....ဦးငယ်နဲ့..."

မိနစ်ပိုင်းမျှဆွံအနေပြီးတဲ့နောက်မှာ
ဂျီမင်းမှာမယုံနိုင်ခြင်းတွေနဲ့...
တစ်သက်လုံးတူဝရီးတွေလို့ထင်လာခဲ့တာလေ ဒါမျိုးအိမ်မက်ထဲမှာပင်ထည့်မမက်ခဲ့။
ကျေးဇူးပြုပြီးအိမ်မက်တွေဖြစ်ပါစေလို့ဆု​တောင်းခဲ့ပေမယ့် ပေါင်ကိုမသိမသာဆွဲဆိတ်မိတဲ့အခါ နာနေခဲ့သည်။ ဒါဘယ်လိုအခြေအနေကြီးလဲ...။

နှင်းဆီရိုးခိုင် Wo Geschichten leben. Entdecke jetzt