16🌹

2.7K 407 226
                                    

ပူပူလောင်လောင်အချစ်မျိုးတွေ
သူ့အပေါ်မကျရောက်စေချင်တော့...။
သူ့မှာအဆင်သင့်ရွေးချယ်ဖို့လူသားတစ်ယောက်လည်းရှိနေသည်မို့ ကျွန်တော်ခပ်တည်တည်ပဲ...မနိုင်မနင်းနှလုံးသားတွေကိုလက်လျှော့ဖို့ကြံရွယ်ခဲ့တယ်...။

ဘာလို့မတားခဲ့တာလဲဆို
တားဖို့မထိုက်တန်ဘူးထင်ခဲ့လို့ပါ။

တီရှပ်အနက်ရောင်လေးနဲ့ဂျင်းပန့်အနက်လေး အား တွဲဝတ်ကာAccessories ခပ်​တောက်တောက်လေးများနဲ့ ချောမောသောယောင်္ကျားငယ်၏ပုံရိပ်လေးသည် အဝေးကငေးကြည့်နေရသော်လည်းထင်းလင်းနေခဲ့ပြန်သည်။ လေတစ်ချက်တိုက်သွားတိုင်းလွင့်သွားတဲ့ရွှေရောင်ဆံသားလေးများနှင့်အတူ ညိုးငယ်သောမျက်နှာလေးသည်နောက်ဆုံးသော အလှဆုံးသော အချိန်တွေပါပဲ...။

ကားလေးထွက်သွားတဲ့အခါ
ခြံထောင့်အပြင်တစ်နေရာမှာ ထိုင်ချလိုက်သည်။ နှလုံးသားတစ်ခုလုံးသူ့​နောက်ပါသွားခဲ့တာပဲ... စိတ်ဝိညာဥ်မရှိ၊ အခွံသာကျန်ခဲ့သလို ပြိုပြိုလဲလဲ...။

စုပ်ယူခံလိုက်ရတဲ့စိတ်ဝိညာဥ်အတိမ်အနက်မှာ နက်နက်ရှိုင်းရှိုင်းနှလုံးသားရာခိုင်နှုန်းတော်တော်များများကသူ့ဘက်မှာ...။

မတန်ပါဘူး သူကလည်းကိုယ့်ကိုမချစ်နေပါဘူးဆိုတဲ့အတွေးလွန်ခြင်းတွေဟာ
ဘယ်နှစ်လမ်းမှာမလှမ်းလိုက်ရဘဲ နောက်​တောင်ဆုတ်မိတဲ့အထိ...။

အံကြိတ်ပြီး ငိုရသောယောင်္ကျားတစ်ယောက်၏မျက်ရည်တွေသည် လွဲပင်လွဲနိုင်သော်လည်း ခံစားချက်တွေက​တော့အစစ်အမှန်ပဲမို့ ရင်တွေတစ်ဆစ်ဆစ်နာရတာပေါ့...။

ဒါအချစ်လို့မချင့်မရဲမယုံနိုင်ခြင်းတွေကစလို့
ချစ်မိသွားပြီလို့စသိခဲ့ရတဲ့အချိန်တွေသည်အထိ အေးချမ်းတဲ့ဘဝလေးစတင်ပူလောင်ခဲ့တယ်...။

ရူးလောက်စရာအပူငယ်လေးက
နှုတ်ခမ်းတွေအထိလာထိပါးခဲ့ပေမယ့်
တာဝန်မယူစွာ နောက်တစ်ယောက်ကိုရွေးချယ်ခဲ့တာပဲလေ....။

တခြားသူရင်ခွင်ထဲပြုံးပျော်နေတဲ့ပုံရိပ်လေး
တသိမ့်သိမ့်ဖက်ထားလိုက်တာများ
ကိုယ်လုံးလေးတောင်ပျောက်သွားမတတ်
မနာလွန်းလို့ ပြဿနာတွေသွားရှာခဲ့ချင်သေးတာ....။

နှင်းဆီရိုးခိုင် Where stories live. Discover now