2🌹

3.8K 533 93
                                    

နှုတ်ခမ်းဖူးဖူးလေး...
နီသွေးခြယ်သောနှင်းဆီလေးလို
လှရက်လိုက်တာများ ပြောစရာမရှိ...။

ရွှေရောင်ဆံသားပျော့ပျော့လေးတွေက
မျက်နှာပေါ်အနည်းငယ်ကျနေကာ
ရှုပ်ရှုပ်ထွေးထွေးကပိုကရိုလေး...

မျက်ပေတုံးလေးဝိုင်းစက်နေခဲ့ကာ
ကြည့်ခြင်းလှလှတွေမှာ ရင်တွေသည်
အဆမတန်လှုပ်လှုပ်ရှားရှား...။

ခါးလေးအားသိမ်းဖက်ထားမိခဲ့တာပဲ
အသက်ရူတောင်ရပ်သွားမတတ်
ပါးလေးတွေရဲသွားခြင်းကဗျာမှာ
ခေတ္တမျှကမ္ဘာကြီးတောင်ရပ်သွားသလို...။

ထို့နေ့ကစ အိမ်မက်သစ်လေးအား
ဖမ်းဆီးရရှိခဲ့သည်....။

အချိန်တော်တော်လွင့်သွားတဲ့အခါကျမှ
သိုင်းဖက်ထားသောခါးလေးအား
လွှတ်ပေးမိသည်။အရှက်ပြေအောင်ဘာပြောလို့ပြောရမှန်းမသိ...။

"ပြောသားပဲ အဲ့ဖိနပ်မစီးပါနဲ့ဆို!"

ဆူပူသလိုပြောမိတဲ့အခါ နှုတ်ခမ်းလေးတွေစူသွားခြင်းအနုပညာသည်လည်းထပ်မံအသက်ရှုနှုန်းတွေမမှန်အောင်ပြုစားပြန်သည်။

"ချော်လဲမယ်မှန်းမှမသိတာ
အကြားအမြင်ရနေတာလည်းမဟုတ်
ချော်လဲတာနဲ့တင် သူများဖိနပ်အကောင်းစားလေးကိုအပြစ်ဖို့နေတာပဲ လူပဲတစ်ခါတစ်လေချော်လဲမှာပေါ့..."

နီမြန်းနေသော မျက်နှာလေးနဲ့
ပွစိပွစိပြောကာ လှည့်ထွက်သွားသည်။

ဟောဗျာ...ပန်းတွေကြည့်မယ်ဆိုပြီးတော့...။

အသဲယားစရာနှင်းဆီလေးကြောင့်
အပြုံးကြီးပြုံးနေမိကာ ဦးတည်ရာတစ်ခုကို
​ခြေလှမ်းပြင်လိုက်တော့...
မြေပြင်မှာသူပန်ခဲ့သောနှင်းဆီဖြူလေးသည်
အထီးကျန်စွာ...

ကောက်ယူကာမွေးကြူလိုက်တော့
ရနံတို့သည်ထုံထုံသင်းသင်းရယ်...

သက်ရှိနှင်းဆီလေးဆိုရင်ရော
ပိုများမွှေးနေမလား...။

•••••••••••••••••••••••♡••••••••••••••••••••••••

"ဟိတ်!"

"အမလေး လန့်လိုက်တာ"

နောက်ကရုတ်တရက်လာလှန့်၍
ကြည့်မိလိုက်တဲ့အခါ ဂင်မင်ဟိုဖြစ်နေသည်။

နှင်းဆီရိုးခိုင် Donde viven las historias. Descúbrelo ahora