6🌹

2.5K 394 109
                                    

ဖယောင်းတိုင်းမီးယောင်စုံလေးတွေကိုပါ
စားပွဲတွေပေါ်အလှဆင်ကာ ထွန်းတော့
ဂျီမင်းက ပါ ကူထွန်းပေးသည်။
အလုပ်သမားတွေ ပျော်ရွှင်ရယ်မောနေတာကိုကြည့်လိုက် ၊ သူတို့ပြောသောစကားတွေအား နားထောင်ပေးလိုက်နဲ့ သူတို့နဲ့အံဝင်ခွင်ကျ တဖြည်းဖြည်းဖြစ်လာတယ်ဆိုရမလား...။

ဂျောင်ဂု ၏ဖယောင်းတိုင်ထွန်းသောလက်သွယ်သွယ်ရှည်ရှည်တွေသည် မိမိ၏လက်သေးသေးလေးတွေနဲ့ ဆန့်ကျင့်ဘက် ...
အားကျစွာ ငေးမိရင်း မိမိ၏ လက်လေးတွေအား ဖြန့်ရင်းဆွဲဆန့်နေမိသည်။

ဂျောင်ဂု လှည့်ကြည့်တဲ့အခါ မီးရောင်ဟပ်နေသော ချစ်စရာမျက်နှာလေးသည်
ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလွှဲသွားသည်။

ကြည့်မိသွားရင် ပြန်မခွာချင်လောက်အောင်
မာယာများသော မျက်နှာငယ်လေးမို့
သတိလက်လွတ်ရယ်...။

ခြံထဲက လူများသည်သူတို့အကိုလေး
အရမ်းဖြစ်နေပုံကိုကြည့်ကာ တစ်ခွီခွီ...။

"ကဲ ပွဲစကြမယ်"

အကုန်လုံးအတူတူ အခင်းတွေပေါ်ထိုင်လိုက်ကြပေမယ့် ဂျောင်ဂုကတော့ခုံနှစ်လုံးသွားယူလာသည်။

"အကိုဆော့ဂျင်နဲ့ဂျီမင်းအတွက်ပါ"

"ကျေးဇူးပဲ ညီလေး"

ဦးငယ်ကယူထိုင်လိုက်ပေမယ့်
ဂျီမင်းက​တော့မထိုင်ချင်...။
သူ့ဆီမှာလည်းအလုပ်ရှင်နဲ့အလုပ်သမားဆိုပြီး ခွဲခြားချင်စိတ်လည်းမရှိပါ အကုန်လုံးက
အောက်မှာထိုင်နေပြီး ဦးငယ်နဲ့သူနှစ်ယောက်ထဲ ခုံနဲ့ထိုင်ရမှာကြီးကတော့ အနည်းငယ်တော့ ကသိကအောက်ဆန်သည်။

"ရပါတယ် ကျွန်တော် အခင်းတွေပေါ်ပဲ
ထိုင်လိုက်မယ်"

"သြော်... ကျွန်တော်ကလည်းဂျီမင်းမကြိုက်မှာဆိုးလို့"

"မဟုတ်တာ လူငယ်ပဲဟာ
အသက်ကြီးတဲ့သူတွေပဲ ခုံနဲ့ထိုင်ပါစေ"

"မင်းတော့.."

ဦးငယ်ကိုလှမ်းပြောင်​တော့ ဦးငယ်ကသွားတွေကြိတ်ပြီး လက်သီးထောင်ပြသည်။
အသက်နဲ့ပတ်သက်ရင်နည်းနည်းလေးမှအထိမခံ...။

နှင်းဆီရိုးခိုင် حيث تعيش القصص. اكتشف الآن