12🌹

2.5K 426 238
                                    

အသားရောင်တီရှပ်လက်ရှည်အား
တစ်တောင်ဆစ်ထိခေါက်ထားကာ အညိုရောင်စတိုင်ပန့်ဝတ်ထားသောအရပ်ရှည်ရှည်ခန့်ခန့်ညားညားအမျိုးသားတစ်ယောက်သည်
နှင်းဆီမြိုင်ခြံကြီး၏ သဘာဝအနှစ်သာရထဲပျော်ဝင်နေလျှက်ရှိရာ ဘေးနာသို့အပြာနုရောင်ညဝတ်အင်္ကျီဝမ်းဆက်လေးနဲ့ ကလေးတစ်ပိုင်းလူကြီးတစ်ပိုင်းလေးရောက်လာတဲ့အခါ ထိုသဘာဝတရားကြီးကိုမေ့သွားခဲ့ပြန်သည်။

"ကိုကြီး"

"ဗျာ"

နှစ်လိုဖွယ်ထူးသံနဲ့အတူ လှပသောပါးချိုင့်ခွက်ကြီးတွေနဲ့ပြုံးပြတဲ့သူ... ငယ်ငယ်တုံးကလိုဆိုရင်တော့ဂျီမင်းပါးစပ်လေးယင်ကောင်ဝင်ဥမတက် ငေးနေမိမှာ။ ခုတော့လှတယ် ဒီလောက်ပါပဲ ...

"နွားနို့သောက်လိုက်နော်"

"ဟုတ်ကဲ့"

နှင်းဆီနံ့မွှေးမွှေးလေးတွေနဲ့မနက်ခင်းလှလှလေးမှာ ဖူးဖူးအစ်အစ်မျက်နှာသေးသေးလေးနဲ့နိုးထရတာ ဘဝင်မြင့်ချင်စရာ
ခပ်ချွဲချွဲအသံလေးတွေသည် နားထဲစိမ့်ဝင်မတတ်...။

ခြံဝင်းထဲက အဖြူရောင်ခုံလှလှလေးမှာ
နွားနို့နဲ့ဆန်းဒစ်ချ် အားမနက်စာဖြင့်တည်ခင်းကာစကားတွေပြောဖြစ်ကြသည်။
ပုံမှန်ဆိုစာအုပ်လေးတစ်အုပ်လောက်ဖတ်ပြီးနေပေမယ့် နှင်းဆီစာမျက်နှာလေးတွေကိုသာ အလွတ်ရအောင်ကျက်မှတ်နေလိုက်သည်။ သူပြောသောစကားသံချိူချိုလေး
အရယ်အပြုံးအေးအေးလေးတစ်ခုချင်းစီအသေးစိတ်မှတ်ကာ နှလုံးသားဒေတာထဲတွင် အပြည့်အဝထည့်ပစ်ထားသည်။

"တကယ်​တော့ ကိုကြီးတစ်ယောက်ထဲ
ဆိုးလ်ကဂျီမင်းတို့အရင်နေခဲ့တဲ့အိမ်ကို
လာရှာခဲ့သေးတယ် "

"တကယ်ကြီးလား"

"အင်း ကိုကြီး အရမ်းတွေ့ချင်ခဲ့တာလေ
ဂျီမင်းနီဘယ်လိုပုံလေးဖြစ်နေမလဲဆိုပြီးလည်းသိချင်ခဲ့တာ
ကလေးပေါက်ကတော့သတိရမယ်မထင်ပါဘူး"

"ကျွန်တော်လည်းသတိရပါတယ်
ကလေးပေါက်ဆိုမှ ပြောရအုံးမယ်
တကယ်ဆိုဒီကိုလာတာဦးငယ်လည်းပါတယ်ဖေဖေခေါ်လို့ခဏဆိုပြီးသွားတာပြန်ကိုမလာတော့ဘူး"

နှင်းဆီရိုးခိုင် Where stories live. Discover now