13🌹

2.6K 387 130
                                    

"ဖြန်း ဖြန်း ဖြန်း"

ကိုယ့်ပါးကိုဘယ်ပြန်ညာပြန်ရိုက်နေမိသည်မှာ အကြိမ်ပေါင်းမနည်းတော့
ဘာလို့သွားနမ်းရတာလဲ ရူးနေတာလား
ဟိုကတစ်မျိုးထင်သွားရင်ဘယ်လိုလုပ်မလဲ
ပြီး​တော့ ကိုရီးယားမှာက အလိုမတူပဲနမ်းရင်ထောင်ကျအုံးမှာ..

ဒါပေမယ့်သူလည်း​တစ်ပြန်နီးကပ်လာတာပဲလေ..

အား မသိချင်ဘူး ရူးချင်တာပဲ
ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိတော့ဘူး
ဆိုးလ်ကိုပဲ ပြန်ပြေးချင်လာပြီ

"ဂျီမင်း!"

"ဟမ်...ကိုကြီး"

ကိုယ့်အတွေးနဲ့ကိုယ်ပါးထပ်ရိုက်ဖို့လုပ်လိုက်ချိန်မှာ ဟန့်တားလာသောလက်ဖဝါးကြီးကြီးတွေ...။

"ဘာလို့ကိုယ့်ပါးကိုရိုက်နေရတာလဲ ပါးတွေနီရဲကုန်ပြီ"

ပါးမို့မို့လေးတွေအားနှမြောတသဖြစ်စွာ
ဖွဖွလေးထိကိုင်ရင်းပြောတဲ့သူ...။
နူးညံ့မှုတွေဟာအတိုင်းအဆမရှိပျော်ဝင်စရာအတိ...။

"ဆေးလိမ်းမလား ရေခဲနည်းနည်းပဲဖြစ်ဖြစ်အုပ်ထားလိုက်နော်"

"ကိုယ့်ဘာသာရိုက်ထားတာပဲ
ဘာမှမဖြစ်ပါဘူး"

"ဘာလို့ရိုက်ထားတာလဲ အဲ့ဒါပြောပြအုံး"

မေးလိုက်တဲ့အခါ မျက်လုံးလှလှလေးများသည် ဟိုဟိုဒီဒီရှောင်လွှဲသွားသည်။
ဒီကလေးက​တော့ လူကိုအသည်းယားအောင်...

"မပြောပြပါဘူး အ​သေသတ်ပလိုက်"

"အသေတော့မသတ်ရက်ပါဘူးဗျာ
မပြောချင်ရင်လည်းမပြောပါနဲ့
လာအခန်းဆီသွားရအောင်"

သူသိချင်ပေမယ့်လည်းဘာမှဆက်မမေးတော့...။ ကိုကြီးက ရင်ငုံနှုတ်ပိတ်နေတတ်တာမျိိုးတော့မဟုတ်ပေမယ့် ဂျီမင်းမဖြေချင်တာကိုအတင်းမမေးတတ်ပါ။ဒါလည်းသဘောကျစရာကောင်းတဲ့ဒေါက်တာကြီး
ရဲ့အရည်အချင်းတွေပေါ့...။

ဆေးရုံခန်းထဲမှာတော့...

"မညာပါနဲ့တော့ ဆူးလီရာ
နင်ငါ့ကိုချစ်တယ်မဟုတ်လားဟင်"

"ငါပြောမိလို့လား"

"သူပဲ နေ့တိုင်းလာ၊လာငိုနေပြီးတော့"

နှင်းဆီရိုးခိုင် حيث تعيش القصص. اكتشف الآن