21🌹

2.8K 365 151
                                    

လရောင်ဖြာကျနေသောနဖူးပြင်သည်
ထိုည၏အလှဆုံးကဗျာတစ်ပုဒ်...။

ရွန်းလဲ့နေသောမျက်ဝန်းဝိုင်းတွေမှာ အသက်မရူရဲလောက်သော ရင်ခုန်ခြင်းတွေပြည့်နှက်နေတယ်။ ခပ်ဟဟနှုတ်ခမ်းအောက်ကမဲ့နက်လေးကတော့ အချစ်ဟော်မုန်းတွေတိုးရာနယ်မြေလှလှလေးပေါ့။

နှာတံချွန်ချွန်မြမြလေးနဲ့နှာတံလုံးလုံးလေးတို့
ထိကပ်ပွတ်သပ်ရင်းအကြင်နာသမုဒ္ဒရာတွေအား အလှဆုံးဖန်တီးခဲ့သည်။

ရုပ်ရောနာမ်ရော အကုန်ပေးအပ်ချင်ခဲ့တာပါ။
တခြားသူတစ်ဦးတစ်ယောက်မမြင်နိုင်လောက်အောင်လက်ရှိသူ့မှသူ ၊သူ့ကိုပဲ မြင်တဲ့အနေအထားလေ...။ နှုတ်ခမ်းပါးတွေနဲ့ထိကပ်လိုက်ရင် နှင်းဆီပင်လယ်ထဲမျောသွားသလိုပစ္စုန်ပန်တွေအနာဂတ်တွေပါ မရှိတော့သလို...။

ဒါဟာကံကြမ္မာဖန်တီးသူရဲ့မျက်လှည့်ဆိုရင်တောင် ကျွန်တော်ဟာရူးရူးနှမ်းနှမ်းအသုံး​တော်ခံချင်မိပါရဲ့...။ သူ့နှုတ်ခမ်းပါးတွေအောက် ဝပ်ဆင်းနေရတာတန်လွန်းပါတယ်။

အပြိုင်ကမ္ဘာတွေမှာတောင်နှင်းဆီငယ်လေးစွဲလန်းမိတာ သူ၏ညှာတံရိုးခိုင်လေးအပြင်မရှိ။ဥယျာဥ်​မှုး ရင်ကိုစုံကန်တာတော့မဟုတ်ရပါဘူး။ ရူးရူးနှမ်းနှမ်းချစ်မိသွားခဲ့ရုံ...။

"ကျွန်တော်ဂျောင်ဂုဆို မ​ငြိုငြင်ပါဘူး။
အကုန်လုံးယူဆောင်သွားလည်းရတယ်"

အနမ်းလှလှလေးတွေဖလှယ်ပြီးတဲ့နောက်မှာ မောဟိုက်သံလေးနဲ့ပြောလာသောညို့သံငယ်လေးကြောင့် စိတ်တွေလွတ်သွားမတတ်။
နှစ်ဦးတည်းရှိသော အ​ဆောင်ခန်း​လေးထဲအသံရှုသံတွေပဲ ကြားလောက်အောင်တိတ်ဆိတ်သွားကာ ဆန့်ကျင်ဘက်မျက်ဝန်းများဟာ အပြန်အလှန်စိုက်ကြည့်နေမိကြသည်။ရင်ခုန်သံတွေဟာ ဒုန်းစိုင်းမသွားပဲတယောသံလေးတွေလို တလွင့်လွင့်...။

အတန်ငယ်ကြာပြီးနောက်ဂျောင်ဂုဆီမှတိကျပြတ်သားသောစကားတစ်ခွန်းထွက်လာသည်။

"ကျွန်တော့်ကို ဂျီမင်းရွေးချယ်​နိုင်ပြီလား"

ပျက်ယွင်းသွားတဲ့မျက်နှာငယ်လေးအား
ဂျောင်ဂုသုံးသပ်လိုက်ကာ နင့်နင့်သီးသီးပြုံးသည်။ လည်တိုင်နုနုလေးအားဖြည်းဖြည်းဖွဖွလေးနမ်းရှုံ့လိုက်ခြင်းတွေဟာနူးညံ့လွန်းလို့တွန်းဖယ်နိုင်စွမ်းပင်မရှိ။

နှင်းဆီရိုးခိုင် Where stories live. Discover now