Part-7💛💚

850 94 8
                                    

နောက်တစ်နေ့မနက်ကြတော့ Jkဟာ ကမ်းစပ်မှာ အစောကြီး သွားထိုင်နေပြီး Jiminကိုစောင့်နေခဲ့တယ်....တွေ့ချင်နေတဲ့ သူတွေအတွက် တစ်စက္ကန့်ကတောင် တစ်သက်လောက်ကြာကြောင်း သူသိလိုက်ရတယ်....ခနုကြာတော့ ဘယ်နေရာကနေ ဘယ်လို တက်လာမှန်းမငိ သူ့အင်္ကျီကို အကျအနဝတ်ထားကာ ဘေးမှာ ကိုယ်ရံတော် ၂ယောက်နဲ့ ခန့်ခန့်ညားညား လျှောက်လာနေတဲ့ Jiminကိုတွေ့လိုက်တယ်....Jiminဟာ သူ့ကို Jkထပ်နမ်းမှာစိုးလို့ လုံခြုံရေးတွေ ခေါ်လာသလားအောက်မေ့ရတယ်။ တကယ်လို့ Jkထပ်နမ်းမှာစိုးလို့ ခေါ်လာတာဆိုလည်း ထိုရေသူကိုယ်ရံတော်များကို Jkက မရရတဲ့နည်းနဲ့ နှင်လွှတ်မှာပါ။ Jiminဟာ Jkနားကိုရောက်လာပြီး လှလှလေးပြုံးပြနေပြီးနောက်...

Jimin:ကဲ...ခရမ်းရောင်လေးရေ.....ခရမ်းရောင်လေးက တစ်ယောက်တည်းဆိုပျင်းတယ်ဆိုလို့ ဒီမှာ ခရမ်းရောင်လေးအဖော်ရအောင်လို့ သူတို့ကိုခေါ်လာခဲ့တယ်....

Jk´s pov:ဟော....သေလိုက်ပါတော့ Jeon Jung Kookရယ်....ငါ့နှယ့် အရှိကို အရှိတိုင်းမပြောမိလို့ အခုတော့ သူလေးနဲ့အေးဆေးမတွေ့ရပဲ အပို၂ယောက်က ကပ်ပါလာတာကိုးးးးး

Jkသည် ထိုသူနှစ်ယောက်ကို အားမနာနိုင်တော့....

Jk:မဟုတ်ဘူးးးးminမှားနေပြီ...ကိုက Minတစ်ယောက်တည်း ရှိရုံနဲ့ လုံလောက်ပြီ သူတို့ကိုမလိုဘူး....အဲ့ဒါကြောင့် ပြန်လွှတ်လိုက်ပါကွာ...နော်....

Jkနဲ့ Jiminကြား ခရမ်းရောင်လေးတို့၊ Minတို့ အခေါ် အ​ေ၀ါ်တွေကို ရေသူနှစ်ယောက်ကနားမလည်နိုင်ကြပေမဲ့ သူတို့မင်းသားလေး စကားပြောနေတာ ဖြစ်၍ ၀င်မပြော၀ံ့ကြ။ သူတို့ကို ပြန်လွှတ်လိုက်ပါလို့ ​ပြောနေတဲ့ Jkနဲ့ သူတို့ရဲ့ မင်းသားလေး Jiminကိုပဲ သေချာကြည့်နေကြရသည်။

Jimin:အမ်...ပြန်လွှတ်ရမှာလား...Minက တော်ကြာ ခရမ်းရောင်လေး ပျင်းနေမှာစိုးလို့ပါ

သူ့ကိုယ်သူ Minလို့သုံးနှုန်းလိုက်တဲ့ Jiminကို Jkသည် အသည်းယားကာ သဘောလည်းကျလွန်းတာကြောင့် ပြုံးလိုက်မိသည်။

Jk´s pov:ချစ်လိုက်တာကွာ....ချစ်လိုက်တာ Jeon Jiminလေးရယ်....

Jk:ပြောလိုက်တယ်လေ...Minလေးတစ်ယောက်ရှိနေရင် ရပါပြီလို့....

ပင်လယ်ဖြစ်ရပါလို၏⛵💙Tempat cerita menjadi hidup. Temukan sekarang