Jkတစ်ယောက် မနက်ခင်းကျတော့ နိုးလာသည်....နိုးလာလာချင်း သစ်သားကို မီးလောင်နေတဲ့အသံ တဖြောက်ဖြောက်၊ ငှက်ကလေးတွေရဲ့ တေးဆိုသံ၊ ပင်လယ်ရေတွေရဲ့ အသံလေးတွေကို Jkကြားလိုက်သည်။ ထို့နောက် Jkခေါင်းထဲရောက်လာသည့် အတွေးက...
Jk's pov: ငါမသေသေးဘူးလား...ငါ မနေ့ညက သေချာပေါက် ရေအောက်ကျသွားခဲ့တာပါ...ဧကန္တ ငါ့ကို သူများလာကယ်ခဲ့တာလား...
Jkအိပ်နေရာကနေ ကုန်းထလိုက်သည်....ထို့နောက်သူတွေ့လိုက်တာက သူက ဂူတစ်လုံးထဲမှာ...သူ့ရှေ့မှာ မီးဖိုတစ်ခု...ဘေးမှာ သူ့ရဲ့ ချစ်ရပါသော banana milkဘူးတွေ...ဘေးမှာက မုန်ထုပ်နဲ့ အကျီထုပ်... သူ့ပေါင်ပေါ်မှာက ဘောင်းဘီတစ်ထည်နဲ့ ငှက်ပျောရွက်တွေ...သူ့ကိုသူပြန်ကြည့်လိုက်တော့ သူ့ကို အကျီတစ်ထည်လဲပေးထားသည်...ဘောင်းဘီကိုတော့ မလဲပေးထား...Jkရေးရေသလေးတေည့ ပြုံးလိုက်သည်။ သူ့ကို ရေသူမင်းသားလေးများ လာကယ်ပေးသွားတာလားလို့လည်း တွေးမိပါသေးသည်။ ထို့နောက် သူ အလျင်အမြန်ထကာ တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား ဂူရှေ့ကို ထွက်ကြည့်မိသည်။ သို့သော် သူဘယ်သူ့ကိုမှမတွေ့ချေ။
Jk:ရေသူမင်းသားလေးဆိုတော့ ရေထဲမှာ ရှိမှာပေါ့ ...
Jkထိုသို့ပြောကာ ရေစပ်နားကို လျှောက်လာလိုက်သည်။ ထို့်နောက် သူရေထဲကို ကြည့်ခဲ့ပေမဲ့ ဘာကိုမှမတွေ့....
Jk:ဟွန်...ငါ့ရေသူမင်းသားလေးကိုလည်း မတွေ့ရဘူး သူဘယ်ကိုရောက်သွားတာများလဲ...
Jkသည် စိတ်ကလေး ငြှိုးသွားခဲ့ကာ ဂူထဲငို့ ပြန်ဝင်လာလိုက်သည်။ ထို့နောက် သူ၏ banana milkဘူး တစ်ဘူးကိုသောက်လိုက်ကာ မုန့်တစ်ချို့ကို စားလိုက််သည်။ မုန့်စားပြီးသည့်နောက် ဘောင်းဘီလဲလိုက်ကာ သူ့ရဲ့ အဝတ်အိတ်ကို ဖွင့်ကြည့်လိုက်တော့ သူ့ရဲ့ အဝတ်အိတ်ထဲမှာ အဝတ်အသားတစ်စုံ လျော့နေတာကို တွေ့လိုက်တယ်...
Jk:ဟွန်း....ငါ ငါ့အဝတ်အသားတွေကို သေချာရေပြီး ထည့်လာတာပါ...တစ်စုံက ဘယ်လိုဖြစ်ပြီးလျော့နေတာပါလိမ့်။ ဧကန္တ ရေသူမင်းသားလေး...သူများယူဝတ်သွားတာလား....
Jkရဲ့ အတွေးတွေအားလုံးသည် ရေသူမင်းသားလေးကိုသာ ဦးတည်ခဲ့သည်။ ရေသာမင်းသားလေးကို တစ်နေ့လုံး Jkထိုင်စောင့်နေခဲ့ပါသည်။ သို့သေည် သာအရိပ်အယောင်လေးကိုတောင် မတွေ့ရသေးပေ။ ပျင်းပျင်းရှိလာတာကြောင့် ကမ်းခြေနားကိုလည်း လမ်းလျှောက်ထွက်ခဲ့သေးသည်။ ထိုးကမ်းသည် လူသူအရောက်အပေါက် အလွန်နည်းပုံရသည်။ ကမ်းပေါ်တွင် လူနေအိမ်များသည် ရှိမနေချေ။ Jkဝေ့ဝဲကာ Jiminကိူ တွေ့လိုတွေ့ငြား ရှာခဲ့သော်လည်း မတွေ့ပြန်ပါ.....Jiminရဲ့ ခရမ်းရောင်လေးသည် အမှန်တကယ်ကို စိတ်တော်လေး ငြှိုးနေပြီဖြစ်သည်။ ဂူထဲသို့ပြန်ဝင်ကာ အင်္ကျီလဲကာ အိပ်နေလိုက်သည်။ တကယ်တော့ Jiminဟာ Jkကို ရေထဲကစောင့်ကြည့်နေခဲ့ပါတယ်။ Jkဂူထဲက ထွက်လာတာကို မြင်တာနဲ့ ရေအောက်သို့ငုပ်ကာ ပုန်းနေခဲ့တာလေးသာ ရှိခဲ့တာပါ။ ထိုသို့ပုန်းနေခြင်းသည်လည်း သူJkကို မတွေ့ချင်၍ မဟုတ်ပါ။ သူတွေ့ဖို့ကို နည်းနည်းကြောက်နေကာ အဆင်သင့်မဖြစ်သေးသေးကြောင့်သာ ဖြစ်သည်။ Jiminသည် တစ်ခါမှလည်း လူတွေနဲ့ မတွေ့ခဲ့ဖူးသေးဘူးလေ။ Jiminသည် ကမ်းပေါ်သို့ ညနေဘက်လောက်မှာ တက်လာသည်။ အဝတ်အစားတွေကို ဝတ်လိုက်သည်။ Jkရဲ့ အဝတ်အစားတွေကိုပေါ့။ Jk ပါလာတဲ့မုန့်တွေသည် မကြာခင် ကုန်သွားမှာ ဖြစ်တာကြောင့် ကုန်းပေါ်က အလိုအလျောက်ပေါက်ရောက်နေသော ငှက်ပျောပင်၊ ပန်းသီးပင်တို့ထံမှ အသီးများကို သူလက်လှမ်းမီသလောက် ခူးခဲ့လိုက်ပြီး ဂူထဲသို့ ခြေသံလေးဖွကာ ဝင်ခဲ့သည်။ ထို့နောက် သူခူးလာတဲ့ အသီးတွေကို အဝတ်အိတ်အပေါ်မှာတင်လိုက်သည်။ ကြည့်နေမိပြန်ပါသည်။ Jkရဲ့ မျက်နှာချောချောကို....Jkရဲ့ မျက်နှာကို ေသချာကြည့်ရင်း Jiminသည် ဝါကျလှလှဖွဲ့ပေးခဲ့သည်။
ဘယ်ကစလည်းဆိုရင်
ဆံပင်လေးတွေ ခရမ်းရောင် ဆံပင်လေးတွေကစသည်။ ဘာစတာလဲဆိုရင် စိတ်ဝင်စားခြင်းဟု ဖြေရပေမည်။ ဆက်ပြောရရင် ခရမ်းရောင် ဆံပင်လေးတွေကို ကြည့်ရင်း ဆက်လက်ပြီး အကြည့်တွေကို နယ်ချဲ့သည်။ နှဖူးပြင်လေး... သူသဘောကျမိပြန်သည်။ နှဖူးလေးကိုလည်း သဘောကျပြန်ပါသည်။ ဆက်လက်ကြည့်မိတော့ မျက်လုံး...မှိတ်ထားတဲ့ မျက်လုံးလေးက လုံးလုံးလေးရယ်....မျက်လုံးလေး ဖွင့်လိုက်ရင် ဘယ်လောက်တောင် လှလိုက်မလဲ သူစတွေ့ကတည်းက Jkကို မျက်လုံးမှိတ်ထားတာကိုသာ တွေ့ဖူးသေးသည်။ နေ့လည်က Jk အပြင်ထွက်လမ်းလျှောက်တုန်းကလည်း Jk သူ့ကိုမမြင်အောင် ပုန်းနေရတာကြောင့် သေချာမကြဘ့်လိုက်ရပေ။ သို့သော် မပီတပီလေးတွေ့လိုက်ကသော Jk ရဲ့လမ်းလျှောက်ပုံလေးသည် ယုံကြည်ချက်အပြည့်ရှိတဲ့ပုံပေါ်ကာ ကြည့်ကောင်းလွန်းခှပါသည်။ နှခေါင်းလေးဆီသို့ အကြည့်တွေကို ဆင်းသက်မိပြန်သည်။ နှာခေါင်းလေးသည် လုံးနေသည်။ တကယ်ကို အသဲယားစရာလေးဖြစ်သည်။ နှုတ်ခမ်းဆီသို့ အကြည့်တွေရောက်တော့ Jkရဲ့ နှုတ်ခမ်းတွေသည် ပါးပါးလေးတွေ မဟုတ်ပါရော...သူ့နှုတ်ခမ်းရဲ့ တစ်ဝက်အရွယ်ပမာဏသာရှိသော Jkနှုတ်ခမ်းတွေကို Jiminအလွန်သဘောကျကာ Jkရဲ့နှုတ်ခမ်းပါးတို့ဆီ လက်ကလေးတွေဟာ ရောက်သွားခဲ့သည်။ နှတ်ခမ်းပါးလေးကို အသာအယာ နူးနူးညံညံလေး ထိတွေ့ကြည့်လိုက်သည်....အိစက်နေတဲ့ အခိုက်အတန့်လေး....Jkရဲ့ နှုတ်ခမ်းပါးတွေသည် သူမထင်ထားလောပ်အောင်ကိုပင် အိစက်နေခဲ့သည်။ သူထို့သို့ ထိတွေ့နေတဲ့ အချိန်မှာပဲ Jkဟာ သူ့ကို သိုင်းဖက်လိုက်သည်။ ရုတ်တရက် မမျှော်လင့်ထားပဲ သူများနှုတ်ခမ်းကို သာများမသိအောင် ခိုးထိနေတဲ့ အချိန်မှာ ကာယကံရှင်က နိုးလာပြီး သူ့ကို ဖက်လိုက်တော့ ချစ်စရာသူခိုးလေးကို လူမိသွားသလိုမျိုး ခန္ဓာကိုယ်လေးဟာ တုံတက်သွားကာ အွန့်...ဆိုတဲ့ အာမေဋိတ်အသံလေး ထွက်လာခဲ့သည်။
YOU ARE READING
ပင်လယ်ဖြစ်ရပါလို၏⛵💙