Part-10💛💚

791 77 4
                                    

Jkသည် မျက်ရည်လေးတွေ ကျခါနီးမှ အတွေးတွေ ဦးနှောက်ထဲ ပြန်ကပ်လာသည်။

Jk's pov:မဟုတ်သေးဘူးလေ...Jeon Jung Kook...ငါအခု Minကို ပြန်တွေ့ပြီလေ....ဘာဖြစ်လို့ ထိုင်ငိုနေတော့မှာလဲ...Minစိတ်ဆိုးနေတာဆိုလည်း ပြန်ချော့မယ်...ပြီးရင် Minကို ငါလက်ထပ်ရမယ်လေ....ဟုတ်တယ် ငါMinဆီကို သွားမယ်....

Jkသည် အတွေးတွေ တွေးပြီးသည်နှင့်တစ်ပြိုင်နက် Jiminနောက်ကို အပြေးလေး လိုက်သွားလိုက်သည်။ Jkလေးသည် မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့ပေါ့....သို့သော် မျှော်လင့်ချက်လေးတွေသည် စကားတွေကြောင့် ကျိုးပဲ့လုမတတ် ဖြစ်သွားခဲ့ပါသည်။
Jkလိုက်သွားတာ Jiminအနားရောက်ခါနီးလေးမှာ Vသည် Jiminဆီကို ရောက်နှင့်နေပြီဖြစ်သည်။ Jiminကိုတွေ့တော့ Vသည် အလှဆုံးပြုံးပြကာ အနူးညံ့ဆုံး ပွေ့ဖက်မှု တစ်ခုကို ပြုခဲ့ပါသည်။ Jiminသည်လည်း လက်ဆောင်ထုပ်လေးကို ကိုင်ထားသည့်ကြားကပဲ ပြန်လည်ပွေ့ဖက်ပေးပြီး သူတို့နှစ်ယောက်သည် မိုးမမြင် လေမမြင်ကို ချစ်နေကြသည်က Jkအတွက်တော့ စိတ်တိုစရာကောင်းနေပါသည်။ ပွေ့ဖက်လိုက်ရုံလေးနဲ့တင်...Vက Jiminကို ဖက်လိုက်ရုံ Jiminက ပြန်ဖက်ပေးလိုက်ရုံပဲ ရှိပါသေးသည်။ Jkသည် လက်သီးတွေကို တင်းတင်းပါအောင် ဆုပ်ထားပြီးပါပြီ....သူ့မွေးနေ့ကို လာတဲ့လူမလို့ ပွေ့ဖက်နှုတ်ဆက်တာပါလို့ စိတ်ကဖြေတွေးနေပေမဲ့ တကယ့်တကယ်တမ်းကျ Jkဝာ သူချစ်ရသူကို တခြားသူတွေ ကြည့်ရင်တောင် အတိုကြီး တိုတတ်သူလေးပါ...အခုတော့....

Jimin:Happy birthday ပါထယ်ရေ...အရမ်းတောက်ပနေတယ်နော်...

V:ကျေးဇူးပါ... ဂျီလေးရေ....ဂျီလေးလည်း အရမ်းချစ်ဖို့ကောင်း..အရမ်းချော...ဖွက်တောင် ဖွက်ထားချင်နေမိပြီကွာ....

Jimin:ဖွက်ထားပါ...ဖွက်ထားပါ...ချစ်လို့ သည်းခံပါ့မယ်ဗျာ....

Vနဲ့ Jiminသည် ပျော်ရွှင်နေကြပေမဲ့ သူတို့ပျော်ရွှင်တာကို ကြည့်ပြီး သိပ်ကြေကွဲနေရတာက Jk....

Jk's pov:ချစ်လို့တဲ့လား...ချစ်လို့သည်းခံပါ့မယ်တဲ့လား...ဘာတွေလဲ... ဘာလဲ...သူတို့က ဘာတွေလဲ....မဟုတ်ဘူး...မဟုတ်ဘူး....Min...Minက ငါ့အပိုင်...ငါ့ချစ်သူ ငါ့ချစ်သူလေ....ဘာလို့ ထယ်ယောင်းနဲ့ အ့လိုတွေပြောနေရတာလဲ....

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now