Part-11💛💚

731 81 4
                                    

Jkတစ်မနက်လုံး Jiminကို သိမ်းပိုက်ဖို့အတွက် အကြိမ်ကြိမ်လေ့ကျင့်နေခဲ့တယ်။ စိတ်တွေလည်း လှုပ်ရှားနေပြီး ရင်တွေလည်း ခုန်နေခဲ့ပါတယ်။ ဒါပေမဲ့ Jiminကို ပိုင်ဆိုင်ရဖို့ကို သေသေချာချာ သွေးအေးအေးနဲ့ လုပ်ရမှာဖြစ်လို့ တစ်နေ့လုံး ကိုယ့်ကိုကိုယ် အသင့်ဖြစ်နေအောင် Jkဟာ ပြင်ဆင်နေလေတယ်။ ဒီလိုနဲ့ အချိန်ဟာ နေမင်းကြီးဝင်လို့ လမင်းကြီးက ကောင်းကင်ကို အဖော်ပြုပေးနေလေပြီ။ နာရီအားဖြင့် ၇နာရီ။ ၇နာရီခွဲရင်ဖြင့် ချစ်ရသူလေးက သူငယ်ချင်းဖြစ်သူနဲ့ ညစာအတူစားကြတော့မယ်။ အ့ဒီမတိုင်ခင် Jkသည် ခပ်မြန်မြန်လေး လှုပ်ရှားရလိမ့်မယ်လေ။
##########################

Vသည် ကားလေးကို သီချင်းလေးတစ်ညီးညီးနဲ့ ေမာင်းလာလေတယ်။ ချစ်သူလေးနဲ့ dinner dateဖို့အတွက် သိပ်ရင်ခုန်နေပါသည်။ ချစ်သူလေးနဲ့ first dateမဟုတ်ပေမဲ့လည်း ရင်ခုန်သည်။ တကယ်ချစ်မိရင် နားလည်ကြပါလိမ့်မယ်။ ပိုပြီး ရင်ခုန်နေစေတဲ့ အကြောင်းက သူဒီနေ့ Jiminကို လက်ထပ်ခွင့်တောင်းမှာကြောင့် ဖြစ်သည်။ လက်ထပ်ခွင့်တောင်းဖို့ အကြံကို Jkနဲ့ တိုင်ပင်ဖို့ လုပ်ပြီး Jkကို ဖုန်းဆက်ခဲ့ပေမဲ့ Jkဟာ ဖုန်းမကိုင်ပဲ ပျောက်ချက်သား ကောင်းနေခဲ့တာ။ ဒါဟာ သူ့ရဲ့ ချစ်သူလေးကို သိမ်းဖို့ တိတ်တဆိတ်စီစဥ်နေလို့မှန်းတော့ Vမသိခဲ့....V သူ့အစီအစဥ်တွေနဲ့ သူပျော်နေတဲ့အချိန်မှာ သူ့ဆီကို ဖုန်း၀င်လာတယ်...content nameကို ကြည့်လိုက်တော့ သူ့ရဲ့ ပေါ်တော်မူကြီး Jk။ Vသည် Jkရဲ့ ဖုန်းကို ကိုင်လိုက်သည်...

V:ပြောပါ.. ထိုအခါ တစ်ဖက်မှ ပြန်ကြားရသော အသံသည် JKအသံ ဟုတ်မနေခဲ့...

Doctor:အခု ပြောနေတာ Kim Tae Hyung ဟုတ်ပါသလား...

V:nae..nae..ကျတော်ပါ...

Doctor:nae..အခု ဒီဖုန်းပိုင်ရှင်က seregoo ဆေးရုံမှာပါနော်...car accidentဖြစ်ပြီး ရောက်လာတာပါ..အ့တာလှမ်းအကြောင်းကြားတာပါ...

Vတစ်ယောက် ဆရာ၀န်ရဲ့ စကားကို ကြားပြီးနောက် အလွန် စိုးရိမ်သွားသည်။ Jkက ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ အချစ်ဆုံး သူငယ်ချင်းလေးလေ...အခု သူဆေးရုံတင်ထားရတယ်ဆိုတော့ သေချာပေါက်ကို သွားမှ ဖြစ်မယ်မလား...ကားကို ဂငယ်ကွေ့ ပြန်ကွေ့ချလိုက်ပြီး Vဟာ အရှိန်ကုန်တင်ကာ Seregooဆေးရုံကို ဦးတည်မောင်းတော့တယ်...Jiminအကြာကြီး ​ေစာင့်နေရမှစိုး၍ Jiminကို ဒီအကြောင်း လှမ်းပြောဖို့ ဖုန်းတွေ ခေါ်နေခဲ့သည်။ သို့သော် Jiminရဲ့ ဖုန်းက မအားသေးပါတဲ့.... Vသည် ဖုန်းခေါ်နေရင်းကနေ ဆေးရုံကို ရောက်သွားလေတယ်...ကားပေါ်က အမြန်ဆင်းပြီး ဆေးရုံထဲကို အမြန်ပြေး၀င်လိုက်ကာ ဆေးရုံကောင်တာက nurseလေးကို Jkရဲ့ နာမည်နဲ့ အခန်းကို မေးလိုက်တဲ့အခါ nurseလေးက စာရွက်တွေကို တစ်ချက်ကြည့်လိုက်ပြီး ထိုသို့ ပြန်ပြောလာသည်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now