Part-16💛💚

559 78 5
                                    

မင်းနဲ့ အဆင်ပြေနေချိန်တိုင်း ငါ ထယ့်ကို မေ့မေ့သွားတယ်....

                                    မင် 💙

ငှက်မွှေးလေးတွေနဲ့ စီခြယ်ထားတဲ့ ကုတင်​မွေ့ရာ အိအိစက်စက်လေးပေါ် အသာအယာ အိပ်စက်နေတဲ့ လူသားလေး ဂျီမင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသတဲ့.....ရုတ်တရက် ခြေကျင်းဝတ်ကနေ ဆွဲဆောင့်ချတာခံလိုက်ရတဲအခါ ဂျီမင်ရဲ့ မျက်လုံး အစုံဟာ လန့်ပြီး ပွင့်လာတယ်။ နောက်တော့ သူမြင်လိုက်ရတာက သူ့ကို ဆွဲဆောင့်ခေါ်သွားတဲ့သူက သူ့ရဲ့ ယောက်ကျား Jk....ထို့နောက် သူ့ကို ရေကူးကန်ထဲ ပစ်ချလိုက်သည်။

Jimin:Jeon Jung Kook!!

Jk:ရှူး...တိုးတိုးနေ...

ထို့နောက် Jkက အမြီးတစ်ခုကို ယူလာတယ်....အပြာရောင် အမြီး လှလှလေး....ထို့နောက် ထိုအမြီးကို သူ့ခြေထောက်တွေဆီ အတင်းစွတ်ပေးနေတယ်....

Jimin: Jeon Jung Kook!! လွှတ်စမ်း!!

ဂျီမင်က ခြေထောက်နဲ့ Jkကို အတင်းကန်နေပေမဲ့ Jkကတော့ ကန်နေတဲ့ ဂျီမင်ရဲ့ ခြေထောက်တွေကို လက်အကြီးကြီးနဲ့ အားပါပါ ချုပ်ထားလိုက်တော့ ဂျီမင်လှုပ်လို့မရတော့...

Jk:ငြိမ်ငြိမ်လေးနေလိုက် မင်....ကိုက မင့်မှာ အမြီးတွေ မရှိတော့လို့ အမြီးလေးတပ်ပေးနေတာကို
..

နောက်ဆုံး အပြာရောင်အမြီးလေးသာ ဂျီမင်ရဲ့ခြေထောက်လေးထက်ဝယ် နေရာယူသွားခဲ့လေပြီ....ထိုအမြီးလေးကိူ ကြည့်ရင်း မျက်ရည်တွေ ကျကာ ဒေါသတွေလည်း သိပ်ထွက်နေပြီး အသားတွေပါ တဆတ်ဆတ်တုန်နေတော့သည်။

Jimin:Jeon Jung Kook!! မုန်းတယ်...ငါမင်းကို သိပ်မုန်းတယ်!!!

နောက်ဆုံးတော့ မုန်းတယ်ဆိုတဲ့ အသံတွေ တိတ်ဆိတ်သွားပြီး ချွေးတွေ တရွှဲရွှဲနဲ့ ဂျီမင်ဟာ အိပ်မက်ကလန့်နိုးခဲ့တော့ မွေ့ရာပေါ် ငုတ်တုတ်ထထိုင်မိရက်သား.......ငုတ်တုတ်ထ ထိုင်လိုက်တော့ ဘေးနားမှာ ထိုင်ပြီး ဂျီမင်အိပ်တာကို ရှုစားနေတဲ့ Jkကပါ လန့်သွားသည်။

Jk:မင်...မင် ဘာဖြစ်လို့လဲ...အဆင်ပြေရဲ့လား...

စိုးရိမ်တကြီးနဲ့ ဂျီမင်ရဲ့ ပုခုံး​လေးကို အသာထိပြီး မေးတဲ့အခါ သူ့ကို ကြောက်လန့်တကြား ကြည့်လာပြီး အတင်းတွန်းထုတ်တော့သည်။ ဂျီမင်က သူ့ကိုယ်သူ သေချာပြန်ကြည့်တော့ သူရောက်နေတာက ရေကန်ထဲမှာမဟုတ်။ ကုတင်ပေါ်မှာ။ သူ့ကိုယ်မှာ ရေတွေလဲ ရှိမနေ။ အမြီးလည်း ရှိမနေ။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now