ချစ်တာကို ပြောဖို့ ကြိုးစားနေပါတယ် ကု...
မင်💙
"ကုလို့ပဲ ခေါ်ပါ..နော်...ကုလို့ပဲ ခေါ်ပေးပါမင်...မင်ရယ်..ကုလို့ခေါ်ပါလို့"
မျက်လုံးဝိုင်းဝိုင်လေးနဲ့ ဆူထားတဲ့ နှုတ်ခမ်းပါးလေးတွေကနေ ချွဲချွဲနွဲ့နွဲ့ပြောလာနေတဲ့ Jkရဲ့ အမူရာလေးတွေနဲ့ စကားသံလေးတွေကို ပြန်ကြားယောင်ပြီး ရယ်နေမိသည်။
Jimin's pov:တော်တော်လည်း တတ်နိုင်တဲ့ ဟာလေး...
မုန့်တွေ ထုပ်ပိုးနေတဲ့ Jkကိူ ကြည့်ပြီး ကြိတ်ရယ်နေသော ဂျီမင်သည် ချစ်စရာမိုချီလုံးလေးလို....Jkက ပင်လယ်ကို သွားရင်ပဲ ကိုယ်တိုင် ပစ္စည်းတွေ အဝတ်တွေကိူ ကိုယ်တိုင် ထုပ်ပိုးပြင်ဆင်ခဲ့ပေမယ့် အခုတော့ honeymoonအတွက် တောင်ကို ခရီးထွက်တာကို သူကိုယ်တိုင် ပြင်ဆင်နေပါတော့သည်။ သူ့အတွက်ပဲ သူပြင်တာ မဟုတ်ပါ။ သူ့ရဲ့ ချစ်ချစ် ယောကျာ်းလေး ဂျီမင်အတွက်ပါ ပြင်ပေးတာပါ...ဂျီမင်မှာ ဘာမှ လုပ်စရာမလို အေးဆေးနေရုံသာ...အခုလည်း ဂျီမင်လမ်းမှာ ဗိုက်ဆာမှာစိုးလို့ မုန့်လေးတွေကို ထည့်ပေးနေခြင်းသာ....မုန့်တွေ ထည့်ပြီးသွားတော့...
Jk:မင်ရေ...ကု မုန့်တွေ ထည့်ပြီးပြီ သွားကြမယ်လေ..
ခရီးဆောင် အိတ်နှစ်လုံးကိူ အသည်းအကဲ လွန်ကာ ကိုယ်တိုင် တစ်ဖက် တစ်အိတ်စီ ဆွဲထားရင်းကနေ သူက ပြုံးပြုံးလေး ပြောပြီး ယုန်လေးတစ်ကောင်လို ရယ်ပြနေသည်။
Jimin's pov:ဟောကြည့်...ကုတဲ့ အရင်က သူ့ကိုယ်သူ ပြောရင် ကိုက ကိုကနဲ့ ပြောတာလေ...ခုကျ ကု ဖြစ်သွားပြီ...သူက သူ့ကို ကုလို့မခေါ်တော့မှာကို သိပ်ကြောက်နေတာလေ....အ့လို ကြောက်တာလေးကလည်း သိပ်ချစ်ဖို့ကောင်းတာ...
ဒီလိုနဲ့ ကုနဲ့မင် ခရီးစထွက်ကြတယ်။ ကုဟာ ယိုယိုကျိုးကျိုးနဲ့ မင့်ကို ကားတံခါးဖွင့်ပေးခဲ့တယ်။ မင်ကလည်း ကုတံခါးဖွင့်ပေးထားတဲ့ ကားပေါ် ကော့ကော့ကြော့ကြော့လေး တက်သွားခဲ့တယ်။ ကားကိုလည်း Jkပဲ မောင်းခဲ့ပြီး အလှပဆုံး ခရီးလေးတစ်ခုကို ဖန်တီးပေးဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကားမောင်းရင်းကနေ ဂျီမငိကို ပြုံးပြုံးလေး ကြည့်နေမိပါတယ်။ ကားမှန်ကို ချထားတာကြောင့် လေပြေလေညှင်းလေးတွေက ဂျီမင်ကို ခပ်ဖွဖွတိုးဝှေ့တိုက်ခတ် ကျီစယ်နေလေတယ်။ လှလိုက်တာများ...လေလေးတွေ ဖြတ်တိုက်နေလို့ လွင့်နေတဲ့ ဆံပင်ပန်းရောင်လေးတွေဆီက မွှေးရနံသင်းသင်းလေး ရနေသည်။ နောက် တွေးလိုက်မိတာက မေးခွန်းတစ်ခု မေးဖို့...အ့မေးခွန်းက..
YOU ARE READING
ပင်လယ်ဖြစ်ရပါလို၏⛵💙