Part-14💛💚(part-1)

613 66 3
                                    

တစ်ယောက်တည်း နိုးထခဲ့ရတဲ့ မနက်ခင်းတွေထက် အခု မင်နဲ့အတူ နိုးထရတဲ့ မနက်ခင်းလေးက အများကြီး အများကြီး ပိုလှလွန်းလှပါတယ်......မင်ရယ်....

ကု💜

မနက်ခင်း နေပြောက်လေးက ဂျီမင်လေးရဲ့ မျက်နှာပေါ် ကျရောက်လာတဲ့အခါ နေစူးလို့ လှုပ်လှုပ်ရွရွလေး ဖြစ်လာတဲ့ ဂျီမင်လေးက အိပ်ချင်သေးပုံပေါ်သည်။ နေရောင်တွေ မထိအောင် ရှောင်ပြီး အိပ်နေသည်။ ဂျီမင်ရဲ့ အိပ်ချင်မူးတူး လှုပ်ရှားပုံလေးတွေကို ထိုင်ကြည့်နေတဲ့ Jkဟာ တစ်ချက် သဘောတကျ ပြုံးလိုက်ပြီး ကုတင်ပေါ်ကထကာ အနည်းငယ် ဟနေတဲ့ လိုက်ကာ အပြာနုလေးကို စိသွားအောင် ဆွဲဖုံးလိုက်တယ်....

Jk:omm...ငါ မင်နိုးရင် မျက်နှာသစ်ဖို့တော့ အကုန်လုပ်ပေးပြီးသွားပြီ....အင်္ကျီ... ဟုတ်တယ်...အဝတ်အစားတွေ ထုတ်ပေးရဦးမှာပဲ.....တော်ကြာ မင်ဝတ်လိုက်တဲ့ အဝတ်အစားက cuteဖြစ်လွန်းနေတာတို့၊ sexyကျလွန်းနေတာတို့ဆို ငါပဲ သဝန်တိုရမှာ....ငါသေချာလေး အဆင်ပြေတာကို ရွေးပေးမှ...

Jkသည် ယောကျ်ားဖြစ်သူ အတွက် အဝတ်အစားတွေကို သေချာ ရွေးနေသည်။ ပထမဆုံး ဗီဒိုထဲက ဆွဲထုတ်လိုက်တဲ့ အင်္ကျီလေးက အဖြူရောင်လေး.....Jkသည် သူ့ကိုသူ ပြန်ကြည့်လိုက်ကာ....

Jk:အာ..no..no..ဒီအင်္ကျီ မဖြစ်ဘူး...ငါက ခရမ်းရောင်လေး ဝတ်ထားတာကြီး....ငါ့ မင်လေးနဲ့ ငါ ဆင်တူလေး ဝတ်ချင်တာပေါ့...ဒါကို မဝတ်ခိုင်းဘူး....သွား....နင့်ကို မရွေးဘူး...

Jkသည် အင်္ကျီကို ထိုသို့ပြောပြီး နောက်တစ်ထည်ကို ထပ်ပြီး ရွေးလိုက်သည်။ နောက်တစ်ထည်က အညိုရောင်လေး...

Jk:ဟ! coupleမလို့ပါဆိုမှ အညိုရောင်က ထွက်လာသေးတယ်...သွား!

အညိုရောင် အင်္ကျီလေးကို ဝှီးခနဲဆို လွှင့်ပစ်ကာ နောက်တစ်ထည်ကို ထပ်ရှာပြန်သည်။

Jk:ဟိုက်...မီးခိုရောင်က ဘာကိစ္စ ထွက်လာရတာတုန်း! ငါခေါ်လို့လား....ဟမ်...ငါရှာနေတာ ခရမ်းရောင်လေ...

Jkသည် မနက်ခင်းမှာ ဆံပင်ဝိုင်းဝိုင်းလေး ဖြစ်နေပြီး ဆံမြိတ်လေးက ကျနေတယ်။ နှုတ်ခမ်းပါးလေးတွေကလည်း အလိုရှိတဲ့ အဝတ်အစားကို ရှာမတွေ့တာကြောင့် ရှေ့ကို လက်လေးသစ်လောက်လေး ဆူထွက်နေတော့ Jkဟာ ကလေးလေး တစ်ယောက်လို ချစ်စရာလေး ဖြစ်နေသည်။ ထိုချစ်ဖို့ကောင်းနေတာလေးကို အခန်းရယ်၊ ကုတင်ရယ်၊ မီးဆိုင်းကြီးရယ်၊ ဗီဒိုရယ်၊ ခုံတွေရယ်နဲ့ နောက်........သူလေးက လွဲလို့ ဘယ်သူမှ မတွေ့ခဲ့ကြပါ....သူလေးဆိုတာ ဘယ်သူလေးလဲဟေ့လို့ အမေးရှိလာကြလျှင် Jkရဲ့ အချစ်လေး၊ မင်လေး...Park Jiminလေးလို့ ဖြေရပါလိမ့်မည်။ ဟုတ်ပါသည်။ Jiminသည် နိုးနေခဲ့ပါပြီ။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now