Part-15💛💚

602 67 7
                                    

မင်က ကို့ရဲ့ ရေသူမင်းသားလေး မင်မဟုတ်ဘူး.....
                                               ကု💜

"နှိပ်စက်တာ မဟုတ်ပါဘူး...မင်...ကိုကလေ ...သိပ်ချစ်လို့...ကို့အချစ်တွေကို မထိန်းနိုင်တဲ့အခါ သဝန်တိုတာများသွားတဲ့ အခါမို့....ကို့အချစ်တွေကို မင်က မယုံသလို ပြောလာတာမို့ ကို ဒေါသထွက်သွားတာပါ....ကို့ကို ခွင့်လွှတ်ပါမင်....ကို မင့်ကို အစားထိုးတာလည်း မဟုတ်ရပါဘူး...ကို့ကို ရိုက်ချင်သလောက် ရိုက်ပါမင်....ကို့ကို. စကားမပြောပဲတော့ မနေပါနဲ့ မငိရယ်...." ဆိုသော တောင်းပန်စကားလေးကို Jkက သနားစရာ ပုံစံလေးနဲ့ ပြောလာတဲ့အခါ စိတ်ကျေနပ်တဲ့အထိ တောင့်တင်းလှတဲ့ ခန္ဓာကိုယ်ကို စိတ်ကြိုက် ရိုက်ပစ်ခဲ့ပါတယ်။ ပြောခဲ့ဖူးတယ်မလား Park Jiminက အတ္တကြီးပါတယ်လို့....ကိုနဲ့ ပက်သက်လာရင် အကောင်းဆူံးတွေပဲ ဖြစ်စေချင်တာ Park Jiminရဲ့ သိပ်လှတဲ့ အတ္တ....အကောင်းဆုံးတွေကိုမှ လိုချင်တာမျိုး မဟုတ်ဘူးနော်....ရခဲ့တာက အညံ့ဆုံးဖြစ်နေရင်တောင် Park Jiminဆီရောက်လာရင် အကောင်းဆုံး ဖြစ်သွားရမယ်ဆိုတာမျိုး....အကောင်းဆုံး ဖြစ်အောင် မရရအောင် ပြင်ယူတယ်.....ဒါဟာ Park Jiminရဲ့ သမိုင်းမှာ အလှဆုံး ပြယုဂ်....ကိုရလိုက်တဲ့အရာ ကိုနေနေရတဲ့နေရာက အကောင်းဆုံး ဖြစ်နေပါတယ်....ကို ပျော်နေရပါတယ်ဆိုတာပဲ ပြောချင်တဲ့သူ ဖြစ်ချင်တဲ့သူ....အခု အိမ်ထောင်ရေးမှာလည်း ကိုမချစ်တဲ့သူ ကိုမုန်းရတဲ့သူ....ဒါမျိုးကို ဥပမာနဲ့ ပြောရမယ်ဆို ကိုရလိုက်တာက အညံ့ဆုံးအရာပေါ့....အညံ့ဆုံးကိူ အကောင်းဆုံး ဖြစ်အောင် ပြောင်းတယ်ဆိုတော့ မုန်းတဲ့သူကို ချစ်လာဖို့ မဖြစ်ရင်တောင် အ့သူနဲ့ အကောင်းဆုံး အိမ်ထောင်ရေး အသာယာဆုံး အဆင်ပြေဆုံး အိမ်ထောင်ရေးဆိုတာကို လူတွေအလယ် ဆွေမျိူး အသိုင်းအဝိုင်းအလယ်ကို ချပြချင်တယ်။ ဒါကြောင့် သူ Jkကို အတတ်နိုက်ဆုံး ကြည်လင်တဲ့ အမြင်နဲ့ ကြည့်ပေးဖို့ ဆုံးဖြတ်ထားတယ်။ အစားထိုသလို စကားတွေနဲ့ ပုံတွေဟာ ဒါဟာ ပထဆူံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေလိူ့ ဆိူတော့ အကြိမ်ကြိမ် ခေါင်းကို တဆတ်ဆတ် ညှိမ့်ပြ၍ သူတို့နှစ်ယောက် ငြိမ်းချမ်းရေးရသွားကြသည်။ ထိုနေ့ကတော့ နည်းနည်းလေး စိတ်ခုနေပုံရသေးသော ဂျီမင်ကို Jk တစ်နေ့လုံး ထိုင်ချော့နေလိုက်သည်။
နောက်နေ့မှာတော့ Jkက သူ့ရဲ့ ငါးပြတိုက်လေးကို ဂျီမင်ကို ခေါ်သွားတယ်။ ဂျီမင်က ပင်လယ်ခရီးသွားတစ်ယောက် ဖြစ်တာနဲ့အညီ ငါးတွေအကြောင်း သိပ်စိတ်ဝင်စားတယ်လေ။ ပင်လယ် သမုဒ္ဒရာထဲက အပင်ငယ်လေးတွေအကြောင်း၊ ပင်လယ်ကြီးအကြောင်း သိပ်စိတ်ဝင်စားတယ်။ ပင်လယ်တွေကို သိပ်သဘောကျတယ်။ Jkဆိုတဲ့ ပင်လယ်လေးကိုရော သဘောကျပါသလားဆိုတာကိုတော့ မမေးကြည့်ဖြစ်သေး.....

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now