လူတွေမှာ ရှင်သန်မှု အမျိုးမျိုးရှိတယ်...တချို့တွေက ကံဆိုးကြတယ်...တချို့တွေကတော့ကံကောင်းကြတယ်...ကျတော်ဆိုတဲ့ Jeon Jungkookကတော့ ကံကောင်းတဲ့ထဲမှာပါတယ်။ ကံကောင်းတာမှ နည်းနည်း ကောင်းတာမဟုတ်ဘူးနော် အများကြီး ကံကောင်းတာ.....ကောင်မလေးတွေက တစ်နေ့တစ်ယောက်..ပိုင်ဆိုင်မှု စည်းစိမ် ကြွယ်၀မှုတွေက အလျှံအပယ် သုံးမကုန် ဖြုန်းမကုန်ပဲ လိုတရဘ၀ပိုင်ရှင် ကျတော် Jungkook ရုပ်ရည်ဘက်ကို ပြောရမယ်ဆိုရင်လည်း အပြစ်အနာအဆာမရှိ ကိုယ့်ကိုကိုယ် မြှောက်ပြောတာတော့ မဟုတ်။ ကျတော် စော်ကြည်နေတာဟာ ကျတော့်မှာ ပိုက်ဆံ💸💸ပေါလို့မဟုတ်။ ကျတော့်ရုပ်ရည်ကြောင့်ပေါ့....အခုလည်း ကောင်မလေး ချောချောလေးတစ်ယောက်နဲ့ dateနေတာပါ။လူတွေက ကျတော့်ကို ပင်လယ်လို့ခေါ်တော့လည်း ကျတော်က ပင်လယ်နဲ့တူအောင် နေပေးရတာပေါ့.....
Sora:Darling!!Baeကို ဒီငါးလေးကို အရိုးထွင်ပေးပါဦးနော်.....
Jungkook:aww ok👌 bae Darlingထွင်ပေးမယ်။
Jungkook´s pov:တွေ့လား...မိန်းမဆိုတာဒါပဲ...ကိုယ့်ဘာသာထွင်လဲရတဲ့ ငါးကို ရည်းစားကို ချွဲပြီးထွင်ခိုင်းကြတယ်။ကျတော့်ဘက်က မထွင်ပေးကြည့် စိတ်ကောက်ပြမယ်။ရည်းစားဆိုတော့လည်း မကောင်းတတ်တော့ ပြန်ချော့ရမယ်။အရမ်း အလုပ်ရှုပ်မခံနိုင်ဘူး။အခုတစ်ခါထဲ ထွင်ပေးလိုက်တာက အေးတယ်။ ကျတော်က တစ်ယောက်ပြီး တစ်ယောက် တွဲနေလို့လားမသိဘူး😅မိန်းမတွေရဲ့ သီအိုရီတွေကို ရိုးနေပြီ....ဒါပေမဲ့လည်း....ကျတော်က စည်းကမ်းရှိပါတယ်....ကျတော် စည်းထားတယ်...ဘယ်မိန်းကလေးကိုမှ စည်းမဖောက်ခဲ့ဖူးဘူး....ကျတော် သူတို့ကို တကယ်မချစ်လို့ ယူမှာမဟုတ်လို့ သူတို့ ခန္ဓာကိုယ်ကိုလည်း ကျတော်မယူဘူး....ရည်းစားဘာသာဘာ၀ ဖက်တာ နမ်းတာလောက်တော့ ရှိတာပေါ့ဗျာ....မကြာခင် ကျတော် Min Soraဆိုတဲ့ အခု ကျတော့်ရှေ့မှာ ထိုင်နေတဲ့ သူ့ကိုဖြတ်တော့မှာပါ။ ကျတော် သူနဲ့တွဲတာ ငြီးငွေ့လာပြီ....သူ့ကို ကျတော် ချစ်တယ်လို့ မပြောခဲ့ဘူးသလို ဘယ်သူ့ကိုမှလည်း မပြောခဲ့ဖူးပါဘူး....အခုတော့ သူ့အတွက် ငါးရိုးထွင်ပေးပြီးသွားပါပြီ....
Sora:Darlingကတော်လိုက်တာ😊ငါးရိုးကိုခဏလေးအတွင်း ထွင်ပေးနိုင်တယ်နော်...
YOU ARE READING
ပင်လယ်ဖြစ်ရပါလို၏⛵💙