"ကုကို မချစ်ပဲ နိုးထခဲ့ရတဲ့ မနက်ထင်းတွေထက် အခု ကုအပေါ် ချစ်ခြင်း အပြည့်နဲ့ နိူးထရတဲ့ မနက်ခင်းက ပိုလှပါတယ်..."
မင်💙
တောင်ပေါ်ကနေ ဂျီမင်က Jkကို တွဲပြီး ပြန်ခေါ်ချလာတယ်။ ဝိုင်းကယ်ပေးခဲ့တဲ့ မိန်းကလေး ဘယ်ရောက်သွားပါလိမ့်ဆိုပြီး ရှာတော့ မတွေံတော့...ဒါနဲ့ပဲ ဆက်ပြီး မရှာဖြစ်တော့ပဲ hotelရဲ့ ဆေးပေးခန်းဆီကို သွားဖြစ်တယ်။ ဆရာဝန်က ပွန်းပဲ့သွားတဲ့ အနာတွေကို ဆေးထည့်ပေးလိုက်ပြီး အနာရှိန်ကြောင့် မဖျားအောင် ဆေးပေးလိုက်လေတယ်။ ဒီလိုနဲ့ အခန်းကိူ ပြန်ရောက်တော့ ဂျီမင်က Jkကို ရေချိုးဖို့ပြင်ဆင်ပေးရှာတယ်...အ့တော့ Jkက ဂျီမင်ကို သေချာကြည့်ပြီး...
Jk:မင်...
Jimin:အင်း...ပြောလေ..ကု...
Jk:တူတူရေချိူးကြရအောင်လား...
Jkပြောလိုက်တဲ့ စကားကြောင့် ဂျီမင်ရဲ့ မျက်နှာလေးရော နားရွက်လေးတွေပါ နီရဲသွားသည်။ ထိူသို့ ရဲရဲနီနီလေး ဖြစ်သွားတာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ...
Jk:မင်...ရေတူတူချိုးမယ်လိို့...
Jimin:ဟို..ဟို...ရေတူတူချိုးဖို့က...
Jk:ရေတူတူချိုးဖို့က ဘာဖြစ်လို့လဲ မင်...
မျက်နှာကို သေချာကြ့ည်ပြီး မေးလာတဲ့ Jkစာ ပြုံးယဲ့ယဲ့
Jimin:မင်..ရှက်လို့ပါ...
ရှက်လို့ပါဆိုပြီး ခေါင်းလေးငုံ့ကျသွားသော ဂျီမင်သည် သိပ်ချစ်ဖို့ကောင်းကာ ထပ်လည်း မစရက်တော့စရာ...
Jk: ဟုတ်ပါပြီ မင်ရယ်...ကုက ဒီတိုင်းစတာပါ...
အ့တော့မှ ဂျီမင်က Jkကို ပြုံးပြီး ကြည့်လိုက်ပြီး...
Jimin:ဟင့်..လာစနေတယ်..ရှက်ပါတယ်ဆိုမှ...
Jk:ဟောဗျာ...အလကားနေရင်း ရှက်နေတာလား
Jimin:အာ...ကုနော်..ဒါနဲ့. ကုက ကမ်းပါးကိူ ဘယ်လိုဖြစ်ပြီး ကျသွားတာလဲ...
Jk:အင်းး...ဒီလိုမင်ရဲ့ မင်တို့ ပြေးသွားပြီး ၃မိနစ်လောက်ကြာတော့ ကုနဲ့ အ့လူမိုက်တွေထဲက ဗလအတောင့်ဆုံးတစ်ယောက်နဲ့ တိုက်ရတာ...သူနဲ့ တိုက်ရင်း ကုက တောင်စပ်ကိူ ရောက်ရောက်သွားတာ...အ့တာကို သူက သိတော့ ကုကို အတင်းတွန်းချတော့တာပဲ...သူက ကုထက် လူကောင်ရော ဗလရော ပိုကြီးတော့ ကုက ပြုတ်ကျသွားတော့တာပေါ့...
YOU ARE READING
ပင်လယ်ဖြစ်ရပါလို၏⛵💙