ကမ္ဘာတွေ ပျက်ရုံတင်မက စင်္ကြဝဋ္ဌာကြီးပါ ပြိုမတတ်ခံစားနေရသူက Jeon Jung Kook...ရှိသမျှ အင်အား အကုန်သုံးကာ ကုဟာ ကိုရီးယားနိုင်ငံ အနှံ့အပြား နေရာလပ်မကျန်အောင် မင့်ကို ရှာဖွေခဲ့တယ်။
သေချာပေါက် ကုဟာ မင့်ကို ခိုးသွားတဲ့သူက ထယ်လို့ ထင်နေခဲ့ပါတယ်...
သူပြောခဲ့ဖူးတယ်လေ သတ်ချင်သတ်လိုက် သို့သော် မင့်ကိုတော့ ပြန်မပေးနိုင်ပါဘူးလို့...
ယခုလို မင်က ကုကို ပြန်ချစ်ပေးနေတဲ့ အချိန်မျိုးမှာ အသတ်လည်း မခံနိုင်တော့....ထိုးချင်သလောက် ထိုး...
ဆဲချင်သလောက် ဆဲ...
ရိုက်ချင်သလောက် ရိုက်...
လိုချင်တာ ယူသွား...
မင်တော့ မပါစေနဲ့ပေါ့...ယခုတော့ အပါမခံနိုင်ဆုံးအရာလေး ပါသွားသည်။
company က ကိစ္စအားလုံးကို ပစ်ထားမိသည်။ မင့်ကိုသာ လိုက်ရှာနေသည်။ ထယ်ယောင်း ဘယ်မှာ ရှိလဲဆိုတာကို စုံစမ်းခိုင်းရသည်။ယခင်ကတော့ ထယ်နဲ့ ကုဆိုတာ နှစ်ယောက် တစ်ယောက်...ထယ့်အိမ်နဲ့ ကုအိမ်နဲ့ဟာ နှစ်အိမ့် တစ်အိမ်လို ဖြစ်ခဲ့ကြပေမဲ့ ယခုလို ပြဿနာတွေ ဖြစ်အပြီးမှာ ပုံသေနည်းတွေ ပြောင်းသွားခဲ့သည်။ ထယ်ယောင်းအိမ်ကို သွားပြီး ထယ်ယောင်း ဘယ်မှာလဲလို့ မေးလိုက်လို့မရတော့ တာမို့ တခြားဘက်က ပြန်စုံစမ်းရသည်။
သိရလားဆိုတော့ ဘယ်သူကမှ ထယ်ယောင်း ဘယ်မှာလဲဆိုတာကို မသိကြ။ နောက်ဆုံးတော့ ကိုယ့်အားကို ကိုးရတော့မည်။
အချိန်က တစ်ရက်မပြည့်သေးပေမဲ့ ဂျောင်ကုရဲ့ လုပ်ရပ်တွေကတော့ သိပ် ရှေ့ပြေးနေခဲ့သည်။ စုံစမ်းမှု နှုန်းတွေသည် မြန်ဆန်လွန်းသည်။
"ငါက အမေရိကန်ကို သွားချင်တာကွ အ့မှာ စီးပွားရေး လုပ်ပြီး ကြီးပွားအောင် လုပ်မှာ!"
ပြန်ကြားယောင်သွားသော ထယ်ယောင်းရဲ့စကား...
နောက်တော့ တွန့်ချိုးသွားတဲ့ ဂျောင်ကုရဲ့ နှုတ်ခမ်းပါး တစ်စုံ...
Jk:ထယ်ယောင်း...ထယ်ယောင်း...သူငယ်ချင်း အချင်းချင်း တစ်ယောက် အကြောင်း တစ်ယောက် သိတာပေါ့ကွ...ဟက်!
YOU ARE READING
ပင်လယ်ဖြစ်ရပါလို၏⛵💙