Part -22💛💚

515 48 5
                                    

သိပ်လှတဲ့ မနက်ခင်းလေး တစ်ခုမှာ
သိပ်လှတဲ့ အိမ်ကြီးတစ်လုံးထဲက
သိပ်လှတဲ့ ကောင်လေးက
သိပ်လှတဲ့ ချစ်ခြင်းတွေနဲ့ သိပ်ခန့်တဲ့ ကောင်လေးကို...
သိပ်လှတဲ့ suitလေးကို ဝတ်ပေးပြီး
သိပ်လှတဲ့ necktieလေးကို စည်းပေးနေတဲ့ မြင်ကွင်းလေးဟာ
သိပ်လှလွန်းပါတယ်...

အပြာရောင် suitလေးနဲ့ ကောင်လေး တစ်ယောက်ရှိသလို အပြာရောင် hoddieလေးနဲ့ ကောင်လေး တစ်ယောက်လည်း ရှိပါသည်။.

မနက်စာကိူ မြိန်မြိန်ရှက်ရှက်စားသုံးပြီး သကာလ ကိုယ်စီ အလုပ်သွားကြဖို့ ကားတစ်စီးပေါ်ကို အတူ တက်လိုက်ကြသည်။

ဒီလိုမျိုး အလုပ်လုပ်ဖို့ကို မင်က ကုကို မနည်းခွင့်တောင်း ထားရခြင်း...

"ကုက မင့်ကို အိမ်ထဲမှာ သိမ်းထားချင်တာ..."
ဆိုတဲ့ ကုရဲ့ စကားလေးတွေကို...

"ကုရယ်...မင်ကလည်းလေ...ကု အိမ်မှာ မရှိတော့ လွမ်းနေမှာပေါ့...ကု မရှိပဲ အိမ်မှာ တစ်ယောက်တည်း တေပြီး ဘာလုပ်နေရမှာလဲ...မင်လည်း အလုပ်လုပ်ချင်တာပေါ့" ဆိုပြီး ပြန်လည်ချေပသည်။

ကုက အသည်းပိုကာ တခြားအလုပ်မလုပ်ရဘူးဆိုပြီး သူ့ company မှာပဲ သူ့ရဲ့ အတွင်းရေးမှူးလုပ်ဖို့ပြောသည်။

သိူ့သော် မင်က​တော့ သူ့ရဲ့ blogger အလုပ်ကိုပဲ ဆက်လုပ်ခွင့်ပေးဖို့ ပြောသည်။

နောက်ဆုံး​တော့ ကုက မင့်ကို မင့်ရဲ့
sea travel bloggerအလုပ်ကို ပြန်လုပ်ဖို့ ခွင့်ပြုလိုက်ရတာပါပဲ။

ကားပေါ်မှာ driver နားညီးအောင် ပြောလိုက်ကြတဲ့ စကားတွေ...မင်ရဲ့ ပြတိုက်က အရင်ရောက်တာမို့ မင်က ကားပေါ်က ဆင်းခါနီး မှာကြားလိုက်တဲ့ ကုရဲ့ အမှာစကား...

ပြန်မှာကြားနေတဲ့ မင်ပေါက်စရဲ့ စကားများ...

"ပိုလိုက်ကြတာ"ဆိုပြီး driver က မသိမသာလေး နှာခေါင်းရှုံ့မိသည်။
driver က လူပျိုကြီးပါဆိုမှ driver ရှေ့ အားမနာ ပါးမနာ...အားရ ပါးရ roပြနေကြသော ကုပေါက်နဲ့ မင်ပေါက်တို့က driver အတွက်တော​့ ရိုက်ပေါက်။

နမ်းက နမ်းလိုက်ကြသေးသည်။
နမ်းတာလေးတွေက ချစ်စရာကောင်းပါသည်။
driver ကြီး မသိခြင်ထောင်သာ ထောင်ထားလိုက်ပါသည်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now