Part-9💛💚

729 77 5
                                    

Jk:ကျတော်တောင်းပန်ပါတယ်။ ကျတော် မိန်းကလေး တစ်ယောက်ရဲ့ အချစ်တွေကို ကစားမိတယ်။ ကျတော်တကယ် အများကြီး စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။ ကျတော်က ခွင့်လွှတ်ပါလို့ ပြောရမှာတောင် ကြောက်နေပေမဲ့လည်း ခွင့်လွှတ်ပေးဖို့ ပြောချင်ပါတယ်ဗျာ...ကျတော် ဘာ်လိုတောင်းပန်ရ တောင်းပန်ရ တောင်းပန်ပါ့မယ် ခွင့်လွှတ်ပေးပါ Sora Shi...

Soraကို ဖုန်းဆက်လိုက်တော့ Soraဟာ သာသာယာယာပဲ ဖုန်းကို လက်ခံဖြေကြားခဲ့ပါတယ်။ စကားအရေးတကြီး ပြောစရာရှိလို့ပါဆိုပြီး Jkဟာ Soraကို ခခယယလေး တောင်းဆိုခဲ့တော့လည်း Soraဟာ လက်ခံခဲ့ပါတယ်။ Jkဟာ အစောကြီး ရောက်နှင့်နေပြီး Soraရောက်လာတော့ ထိုင်နေရာက ထပြီး အရိုအသေတောင် ပေးလိုက်သေး။ Jkသည် ကိန်စာပြေရေးကို အစွမ်းကုန်ကြိုးစားနေသည်။ တချို့သာကြောင်း မာကြောင်းလေးတွေမေးကြီး Jkဟာ ထိုစကားကို ပြောခဲ့လိုက်ခြင်း။ ထိုအခါ Soraက ပြုံးလိုက်ပြီး Jkကို လေးလေးနက်နက် တည်တည်ကြည်ကြည်ပြောလာတယ်။

Sora:ကျန်စာမိခဲ့ပြီလား...

Jk:ဟမ်...

Sora:တကယ်ချစ်ရတဲ့သူ ရှိလာပြီလား....အ့တာကြောင့် ကျိန်စာပျက်အောင် လာတောင်းပန်တာမလား....

Jkသည် ခေါင်းကို ငိုက်စိုက်ငုံ့ချလိုက်သည်။

Jk: ဟုတ်ပါတယ်.....ကျတော် ကျိန်စာသင့်ခဲ့ပါပြီ။

Soraသည် Jkကို သိချင်သလိိုလို မျက်လုံးအစုံနဲ့ ကြည့်လာသည်။ သူမစိတ်ထဲ Jkအနေနဲ့ တကယ်ချစ်ရတဲ့ သူက ဘယ်သူများလဲဆိုတာကိုပေါ့။

Jk:လူသားတစ်ယောက်တောင် မဟုတ်ခဲ့ပါဘူး။ အ့လောက်ထိ Soraကျိန်စာတွေ ထိခဲ့ပါတယ်။

Soraသည် Jkပြောတာကို နားမလည်ခဲ့ပါ....ဒါပေမဲ့ ချစ်ခဲ့ရသူမို့ သိပ်အမျာကြီး ပြောမနေတော့ဘဲ ကျိန်စာတွေကို ဖျက်သိမ်းပေးဖို့ ပြင်လိုက်သည်။

Sora:Sora Jkအပေါ်မှာ ဘာစိတ်မှ မရှိတော့ပါဘူး....ချစ်လည်း မချစ်တော့ဘူး...မုန်းလည်း မမုန်းတော့ဘူး....ချစ်ရသူက ဘယိသူဆိုတာ မသိပေမဲ့ Soraရဲ့ ကျိန်စာတွေကို ဖျက်သိမ်းပေးပါတယ်။ Sora Jkကို ခွင့်လွှတ်ပါတယ်။ အခု Soraလည်း အိမ်က သဘောတူထားတဲ့သူနဲ့ လက်ထက်တော့မှာလေ....

ပင်လယ်ဖြစ်ရပါလို၏⛵💙Wo Geschichten leben. Entdecke jetzt