Part-17💛💚(part-1)

587 65 0
                                    

မင်းကို အကောင်းမြင်ပေးဖို့ ကြိုးစားရင်းနဲ့ ငါမင်းကို ချစ်မိသွားတော့မယ်ထင်တယ် ကု...

                                         မင်💙

ဂျီမင်လာမှာကို ထိုင်စောင့်နေတဲ့ Jkက ဂျီမင်လာတာကိုလည်း တွေ့ရော ဂျီမင်ရှေ့ကိူ ပြေးသွားလိုက်ပြီး ဂျီမင်ရှေ့မှာ ဒူးထောက်ပြီး ထိုင်လိုက်တယ်။ ရုတ်တရက်ဆန်စွာ ဒူးထောက်ပြီး နှလုံးသားနုနုလေးကို တိုက်ခိုက်လာတဲ့ Jkကြောင့် ဂျီမင်ရဲ့ မျက်ဝန်းအိမ် ကျဥ်းကျဥ်းလေးတွေ ဝိုင်းစက်စွာ ပွင့်အာလာတယ်။

Jimin:ဘာလုပ်တာလဲ...မင်း..

Jkရဲ့ လက်မောင်းကိူ လက်သေးသေးလေးနဲ့ အသာထိကာ ထူတော့မလိုလို ဘာလိုလိုနဲ့ ထူလဲမထူပဲ နေလေသည်။

Jk:ကို တောင်းပန်မလို့ပါ.မင်...ကို လုပ်ခဲ့တာတွေက အပြစ်ကြီးလွန်းလို့ ကိုတော်ရုံလောက် တောင်းပန်လို့ မရဘူးလို့ ထင်လို့ပါ...

Jimin:မင်းက ဒူးထောက်ပြီး တောင်းပန်နေနိုင်ပေမဲ့ ငါက မင်းဒူးထောက်ပြီး ပြောနေသမျှကို ငုံ့ပြီး နားမခေါင်နိုင်ဘူးကွ! ဇက်ညောင်းတယ်။

Jkက ခပ်ဖွဖွလေး ရယ်ကာ မတ်တတ်ထရပ်လိုက်ပြီး...

Jk:ကို မင့်ကို ​ပြောပြစရာတွေ ရှိတယ် မင်...ကို့ဘဝအကြောင်း၊ ထယ်ယောင်းနဲ့ မင့်အပေါ် ကို မှားခဲ့တဲ့ အမှားတွေ အကြောင်းနဲ့ ကိုမင့်အပေါ် ဘာလို့ အစားထိုးတဲ့ ပုံစံတွေ လုပ်မိလဲ ဆိုတာပေါ့...

Jkရဲ့ စကားကို စိတ်ဝင်စားတဲ့ ဂျီမင်ဟာ ဆိုဖာပေါ်သွားထိုင်လိုက်ပြီး Jkစကားကို နားထောင်ဖို့ လုပ်သည်။ Jkလည်း ဆိုဖာပေါ် ထိုင်ပြီး သူ့ရဲ့ ရေသူမင်းသားလေးအကြောင်းကို သူစ​ပြောပြခဲ့တယ်။ ေနာက်ဆုံးတော့ ဂျီမင်က Jkဘာလို့ဘသူ့အပေါ် ဒီလိုတွေ လုပ်နေလဲဆိုတာကို သူသိသွားခဲ့တယ်။

Jimin's pov:အော်.. တသ်ခါမှ အချစ်စစ်နဲ့ မထိတွေ့ဖူးတဲ့ Jung Kookက အချစ်စစ်ကိူ သိပ်စွဲလန်းမိတာကို...Ocean Life စာအုပ်ကိုဖတ်ပြီး ရေသူမင်းသားလေးဆိုတဒ့ ဖြစ်တည်မှုအပေါ် အစွဲလန်းလွန်ခဲ့တာကို...ဒါပေမဲ့ Jung Kook....အ့တာက အိပ်မက်ပဲ...အိပ်မက်ပဲ...မင်းရဲ့အိပ်မက်က သိပ်ကြီးစိုးနိုင်လွန်းတော့ မင်ူမှ မရူးရင် ဘယ်သူ ရူးတော့မလဲ... ငါသာ မင်းနေရာမှာဆိုလည်း မင်းလိုပဲ ဖြစ်မှာပါ...ငါမင်းကိူ သနားမိပါတယ်.....မင်းရဲ့ ဒဏ်ရာတွေကို ငါကုစားပေးချင်ပါတယ်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Onde histórias criam vida. Descubra agora