Part-18💛💚(part-2)

566 58 4
                                    

Jk:မင်...နွေးနွေးထွေးထွေးလေး ဝတ်နော်... တော်ကြာ အအေးပတ်နေမယ်...

Jimin's pov:ေအာ်....တောင်က ဧဝရက်တောင်လို နှင်းတွေ တစ်ပုံကြီးနဲ့ အရမ်းမြင့်တဲ့ တောင်လည်း လုံးဝမဟုတ်။ အခုတောင်လေးက သစ်ပင်လေးတွေနဲ့ ခပ်နိမ့်နိမ့်လေး ကုန်းမြင့် အဆင့်လောက်လေးပဲကို သူက သည်းကို သည်းလွန်းပါတယ်။

စိတ်ထဲက ထိုသို့ မှတ်ချက်ပေးလိုက်ပြီး...လက်တွေ့မှာတော့

Jimin: မင်းရောပဲ...

ထို့နောက်တော့ နှစ်ယောက်သား အပြုံးလေးတွေနဲ့ တစ်ယောက်လက်ကို တစ်ယောက် တင်းတင်း ဆွဲကိုင်ကာ တောင်တွေဆီကို မျက်နှာမူ ဦးတည်ပြီး သွားခဲ့ပါတယ်။

တောင်တက်နေတဲ့ တစ်လျှောက်လုံး Jkက ဂျီမင် လက်ကို မလွှတ်တမ်း တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားခဲ့ပါတယ်။ နာကဿ်အောင် အားနဲ့ ညှစ်ကိုင်တာမျိုး မဟုတ်။ မိဘတွေနဲ့ ကလေးလေး​ေတွ ပွဲဆတာ်တွေ သွားရင် ကလေးတွေ ပျောက်မှာစိုးလို့ မိဘတွေက ကလေးလေးတွေရဲ့ လက်ကို ဆုပ်ကိုင်သလိုမျိုးလေး... နူးနူးညံ့ညံ့လေး ... ဒါပေမဲ့ Jk ကိုင်တာလေးက မိဘတွေ ကလေးတွေလက်ကို ကိုင်တာထက်တောင် ပိုပြီး နူးညံ့ပါသေး....နူးနူးညံ့ညံ့လေးလည်းဖြစ် ခိုင်လည်းခိုင်အောင် ဂျီမင် လက်တွေကို Jkရဲ့ လက်တွေက ဆုပ်ကိုင်ထားခဲ့ပါတယ်။ တစ်လမ်းလုံးလည်း ပွေ့မချီလိုက်ရုံတမယ် ဂရုစိုက်ပေးမှုတွေက အသေးစိတ်ကျလွန်းပါသည်။ ဒါကြောင့် ဂျီမင်တစ်ယောက် အကျေနပ်ကြီး ေကျနပ်ကာ ပြုံးနေမိသည်။ စိတ်ထဲဝယ်လည်း ထိုသို့သော မှတ်ချက်ကို ပေးလိုက်သည်။

Jimin 's pov:အင်း..ငါ့ ယောကျာ်း က ချစ်တတ်လိုက်တာ...ငါ တော်တော် ယောကျာ်းရ ကံကောင်းတာပဲ...ငါ့ ယောကျာ်း က အကောင်းဆုံးပဲ...

စိတ်ထဲမှာသာ ငါ့ ယောကျာ်း ဆိုတာချင်း ထပ်နေပေမဲ့ လက်တွေ့မှာတော့ ပြုံးစိစိသာ....ဒီလိုနဲ့ တောင်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့လေပြီ။ တောင်ပေါ် ကို ရောက်သွားတော့မှ Jkတစ်ယောက်လည်း သက်ပြင်းချနိုင်တော့သည်။ ဂျီမင်ကတော့  တောတောင်အလှအပတွေကို လိုက်ပြီး ခံစားနေလေပြီ။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now