Complete part💛💚

1.4K 74 3
                                    

ချစ်သေးလားဆိုတဲ့ မေးခွန်းအဆုံး မင်ဟာ ထယ်ရဲ့ ရှေ့ကို သွားပြီး ဒူးထောက်ချလိုက်တယ်...

မင့်ရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် ထယ်ဟာ သိပ်အံ့သြသွားရသည်...

ထယ်:ဂျီ ဂျီဘာလုပ်တာလဲ...

မင်ဟာ ဒူးထောင်နေရင်းနဲ့ပင် ထိုစကားကို ပြောလာလေသည်။

မင်:တောင်းပန်ပါတယ်.... တောင်းပန်ပါတယ် ထယ်ယောင်းရှီး...ဂျီ...ဂျီ ကုကို ချစ်မိသွားပြီ...ဂျီ့ရင်ထဲမှာ Jeon Jung Kookတစ်ယောက်ပဲ ရှိတော့တယ် ထယ်...

အဆိုးရွားဆုံးသော၊ မမျှော်လင့်ထားဆုံးသော စကားကို ကြားလိုက်ရတဲ့အခါ ...
ထယ်ဟာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့တယ်။

ထယ်လည်း မင့်ရဲ့ရှေ့ကို ဒူးထောက်ချလိုက်ပြီး မင့်ရဲ့ ပုခူံးလေးကို မဝံ့မရဲကိုင်လိုက်တော့ မင်ဟာ ထယ်ရဲ့လက်တွေကို အလိုမရှိသလိုမျိုး ကြည့်လာသည်။
ဘာမှတော့ မပြောခဲ့...အားနာလို့ ထင်ပါရဲ့...

ထယ်:ဂျီ...ဂျီ ဘာပြောလိုက်တာလဲ

ထယ်ဟာ မယုံနိုင်စွာ မေးလာသည်။
တရစပ် ကျနသော မျက်ရည်တွေကို မင်ဟာ ဆွေးဆွေးလေး ကြည့်နေခဲ့သည်...

ထယ်ဟာ မင့်ကို တဖြည်းဖြည်း ဆွဲထူလာသည်။ သူကိုယ်တိုင် ထဖို့
အင်အားနည်းနေခဲ့ပေမဲ့လည်းပေါ့...

မင်:ဂျီ ကုကို အရမ်း ချစ်မိသွားတာ... ကုကလေ ဂျီကို အရမ်းချစ်တယ်
အရမ်း ဂရုစိုက်တယ်
အရမ်း ကောင်းလွန်းတယ် ထယ်ရယ်...ဂျီ သူ့ရဲ့ အချစ်စက်ကွင်းကနေ ရုန်းမထွက်နိုင်တော့ဘူး...ဂျီသူ့ကို အရမ်း ချစ်မိသွားပြီ ထယ်ရယ်...ဂျီ ထယ့်ကို ပေးခဲ့တဲ့ ကတိကို မတည်နိုင်တော့ဘူး...

ထယ်ဟာ နောက်ကို ခြေလှမ်းတွေ ဆုတ်သွားခဲ့တယ်...
နားတွေကို သူ မယုံနိုင်...ခါးလွန်းလှသည်။ ဒီနေ့ဟာ ထယ့်ရဲ့ ပြဿဒါးနေ့ ဖြစ်ပါလိမ့်မယ်။

ထယ်ဟာ ငိူနေရင်းကနေ တစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး...မျက်ရည်ဥတွေ ပြည့်နေတဲ့ မျက်ဝန်းအိမ်လေးက အရောင်လေးတွေ တဖြတ်ဖြတ် လက်လာပြန်သည်...

ခပ်ပါးပါးလေး ပြန်ပြုံးကာ မင့်ရဲ့ ပုခုံးလေးကို ပြန်ကိုင်လာသည်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now