Part-6💛💚

963 116 8
                                    

ပြင်းပြင်းထန်ထန် အနမ်းဇာတ်တွေ ကနေခဲ့တာဟာ အချိန်တော်တော်ကြာနေပြီး အသက်ရှူတွေ ကျပ်လာတဲ့အခြေအနေကို ရောက်လာခဲ့ပြီ။ နှစ်ယောက်လုံး အနမ်းတွေ မရပ်စဲရင် မဖြစ်တော့မယ့် အခြေအနေတစ်ခုကို ရောက်လာတော့မှ Jkသည် နမ်းနေတာကို ရပ်ပေးလိုက်သည်။ ထိုအခါ အသက်ကို လုရှူနေရှာသော Jiminသည် တကယ်ကို ပစ်မှားချင်စရာအတိ။ Jkသည် တတ်နိုင်သမျှ စိတ်ကို ထိန်းလိုက်ကာ စကားတစ်ချို့ကိုဆိုသည်။

Jk:မင်းကဘာလေးလဲ...

Jiminသည် မောနေသည့်ကြားမှ Jkရဲ့အမေးကို ကြားသည့်အခါ မျက်စောင်းငယ်လေးတသ်ချက် Jkဆီသို့ ဝင့်ကာထိုးပြီး ...

Jimin:ရာရာစစ! ခရမ်းရောင်လေးကများ ကိုယ်တော့်ကို မင်းတဲ့လား... ကိုယ်တော်က ခရမ်းရောင်လေး ခေါ်လို့ လာခဲ့တာပါနော်...

Jkသည် Jimin၏ စကားများကို ကြားလိုက်ပြီးနောက် ဦးဏှောက်ကို အလျင်အမြန် အလုပ်ပေးရတော့သည်။ ပထမဆုံး သူ့ကို ခရမ်းရောင်လေးလို့ ခေါ်သွားတယ်။ သူ့ကို ဒီနေ့အထိ ဘယ်သူကမှ ခရမ်းရောင်လေးလို့မခေါ်ဖူးသေးပါ။ ထိုသက်ရှိငယ်သည် ပထမဆုံးခေါ်လိုက်ခြင်းဖြစ်သည်။ အ့နာမည်လေးကို Jkအလွန် နှစ်သက်ပါသည်။ ထို့နောက် နောက်တစ်ချက်က ရာရာစစ ငါကိုယ်တော်ကိုလို့ သုံးနှုန်းလိုက်တာပါပဲ....Jkက သူ့ကိုယ်သူ ကိုယ်တော်လို့ သုံးနှုန်းလိုက်သူအား အစုံအဆန် ကြည့်လိုက်သည်။ လူလေးသည် တကယ့်ကို သေးသေးလေးမှ သေးသေးလေး....တော်တော်ကို သေသေးလေး...လက်ကလေးတွေဆို သေးသေးတိုတိုနဲ့ အသည်းယားစရာလေးတွေ ခြေဖဝါးလေးတွေဆိုလည်း မွေးကာစ ကလေးလေးတသ်ယောက်ရဲ့ ခြေဖဝါးလို သေးသေးလေးတဲ့ နီတာရဲလေး....ခြေဖဝါးပင် ဖြစ်သော်ငြား ပါးစပ်ထဲ ဆွဲထည့်ထားချင်စရာ....လက်ကလေးတွေကလည်း ဆွဲငုံထားလိုက်ချင်စရာပင်....အ့တာလေးက သူ့ကိုယ်သူ ကိုယ်တော်တဲ့....ပြီးတော့သူေခါ်လို့ လာတာပါတဲ့....သူခေါ်ခဲ့တာက ရေသူမင်းသားလေးကိုလေ....ဒါကို သူကလာတယ်ဆိုတော့ သူကရေသူမင်းသားလေးလား....

Jk:ရေသာမင်းသားလေးလား...

Jimin:အမှန်ပဲ...

Jkသည် Jiminရေသူမင်းသားလေးဆိုတာကို သိလိုက်ရတော့ အတော် အံသြသွားပါသည်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now