ခက်တယ်....အချစ်နဲ့ စခဲ့ပေမဲ့ လက်ရှိမှာ ရင်ဆိုင်နေရတာက အမုန်းတွေ ဖြစ်နေတော့ ခက်တယ် မင်ရယ်.......
ကု.....💜ခမ်းခမ်းနားနားသောပွဲ၊ အဖြူရောင်တွေချည်း စီခြယ်ထားတဲ့ပွဲ၊ စိန်အစစ်တွေနဲ့ ပြင်ဆင်ထားတဲ့ပွဲ..... ကမ္ဘာပေါ်မှာ အလှဆုံးပါဆိုတဲ့ ပန်းတွေနဲ့ ပြည့်နှက်နေတဲ့ပွဲ၊ Jeon Jung Kookနဲ့ Park Jiminတို့ရဲ့ မင်္ဂလာပွဲ...........။
"သား.....သားရဲ့ စိတ်ချမ်းသားမှုကို Ommaတို့ ဦးစားပေးခဲ့ပါတယ်....သားသိပ်ချစ်တဲ့ သားရဲ ချစ်သူက Kim Tae Hyungဆိုတဲ့ ယောကျ်ားလေးတစ်ယောက်ဖြသ်နေခဲ့တာကိုလည်း Ommaတို့ လက်ခံပေးခဲ့တယ်နော်.....Ommaတို့ ထယ်ယောင်းလေးကိုလည်း Ommaတို့ရဲ့ သားအရင်းလေးလိုပဲ သဘောထားခဲ့တယ်၊ ချစ်ပေးခဲ့တယ်၊ ကြည်ဖြူခဲ့တယ်သား....ဒါပေမဲ့ Ommaတို့ အရက်ကတည်းက ပြောထားတာ ရှိတယ်လေသား....ဘဝကို တစ်စုံတစ်ယောက်ဆီ ပေးလိုက်ပြီးရင်တော့ ကိုပေးလိုက်တဲ့ သူကိုပဲ သားလေး လက်ထပ်ရမယ်လို့.....Ommaတို့လည်း သားလေးရဲ့ လက်တွဲဖော်ကို ထယ်ယောင်းလေးပဲ ဖြစ်စေချင်တာပေါ့ကွယ်....ဒါပေမဲ့...တကယ့်တကယ်တမ်း...သားရဲ့ ဘဝကို သားပေးခဲ့တဲ့သူက Jeon Jung Kookလေ....ဘာကြောင့်နဲ့ ဖြစ်ခဲ့ ဖြစ်ခဲ့ ဘဝက Jung Kookဆီ ပါပြီးသွားပြီလေ သားရယ်။ Ommaတို့ မိသားစုက အရှက်တွေ သိက္ခာတွေကို ဘယ်လောက် အရေးထားလဲ သားလေး သိပါတယ်....Ommaတို့ကို အရှက်ရစေမယ့် ကိစ္စမျိုးကို သားလေး မလုပ်ပါနဲ့ ကွယ်...."
အမေဖြစ်သူရဲ့ စကားတွေကို ပြန်ကြားယောင်နေရင်း မျက်ရည်တွေကျလာနေတယ်.....ဂျီမင်သိပ်ကို ဝမ်းနည်းနေပါတယ်.....သူ့အိပ်မက်က မင်္ဂလာပွဲဆိုတာ ထယ်ယောင်းနဲ့ပဲ ဖြစ်ရမယ်ဆိုပြီးပေါ့....တကယ့်တကယ်တမ်းကျ အိပ်မက်နဲ့ လက်တွေ့က အလွဲကြီးကို လွဲခဲ့ပါတယ်..... ထိုအချိန် အခန်းတံခါးခေါက်သံ ကြားလိုက်တယ်....
Jimin's pov: Jeon Jung Kook ထင်ပါရဲ့...
မျက်ရည်တွေသုတ်လိုက်ပြီး..... အသံကို ထိန်းကာ ပြောလိုက်တယ်...
Jimin:ဝင်ခဲ့ပါ.....
ထိုအခါ တံခါးက ဂျောက်ခနဲ ပွင့်သွားကာ ဝင်လာသူက Jeon Jung Kook မဟုတ်ခဲ့... သူသိပ်ချစ်ရပါတယ်ဆိုတဲ့ Kim Tae Hyung ဖြစ်နေခဲ့တယ်....အပြာရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ ထယ်ယောင်းဟာ အဖြူရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ ဂျီမင်ဆီကို လျှောက်လာနေတယ်....မမျှော်လင့်ထားပဲနဲ့ တွေ့လိုက်ရတာကြောင့် ဂျီမင်သည် သိပ်အံ့သြနေသည်.....
ESTÁS LEYENDO
ပင်လယ်ဖြစ်ရပါလို၏⛵💙