Part-23💛💚(part-2)

484 44 4
                                    

မင်လေး တစ်ယောက်ထဲ ပြတိုက်ထဲမှာ ငါးမျိုးစိတ် အသစ်တွေအကြောင်း လေ့လာနေတုန်းမှာ ခြေသံတစ်ချို့ကို ကြားလိုက်သည်။

ကုလို့ပဲထင်ပြီး မင်ဟာ တကူးတက မကြည့်ခဲ့။ ရုတ်တရက် အနားကို ပြင်းပြင်းထန်ထန် လျှောက်လာတဲ့ ခြေလှမ်းတွေ။ ပထမဆုံး သိလိုက်သည်။ ခြေသံတွေဟာ ကုရဲ့ ခြေသံတွေ မဟုတ်။ ကိုယ်သင်းရနံကလည်း ကုရဲ့ ရနံ့မဟုတ်။ အသိစိတ်တို့ ဝင်လာတဲ့ အချိန် မင်လေး သိပ်လန့်သွားသည်။ သိပ်လန့်သွားခြင်းတွေနဲ့ အတူ နောက်ကို လှည့်ကြည့်လိုက်​တော့ တွေ့လိုက်ရတဲ့ သူစိမ်း အမျိုးသား ၂ယောက်။

ချက်ချင်းဆိုသလို မင့်ရဲ့ အနားကို ရောက်ချလာကာ မင့်ရဲ့ လက်တွေကနေပြီး အားနဲ့ ဆွဲခေါ်ကြ​တော့သည်။ မင့်မှာ ဘာမှ ပြောချိန်မရလိုက်။

Jimin:မင်းတို့ ဘာတွေလဲ...!!လွှတ်စမ်း!! လွှတ်...အခုလွှတ်...

အားအကုန် သုံးကာ မင်ရုံးနေသော်လည်း အင်အားက မမျှတသောကြောင့် ရုံး၍ မရချေ။

Men1:ငြိမ်ငြိမ်နေပြီး လိုက်ခဲ့...ပါးစပ်ကို ပိတ်ထားလိုက် အလှလေး...

Jimin: ဘာ!! ဘာအလှလေးလဲ...လွှတ်...အခု လွှတ်.. ငါ့ကို

Men2:တော်​တော် စွာတာပဲ...မင်းက အ့တာကြောင့် မင်းကို bossနဲ့ သခင်လေးက အသည်းအသန် ဖြစ်နေကြတာကိုး...

Jimin:ဘယ်သူလဲ...ဘယ်က bossနဲ့ ဘယ်က သခင်လေးလဲ...

Men1:နောက်ကျ သိရမှာပေါ့...အခု ငြိမ်ငြိမ်လေး လိုက်ခဲ့ပေးပါ...အကြမ်းနည်း မသူံးချင်ဘူး...

Jimin: ဘာကိစ္စ ငါက ငြိမ်ငြိမ်လေး လိုက်ရမှာလဲ...ငါ့ယောက်ျားနဲ့ ငါတိုင်ပြောမှာနော်...လွှတ်ခု...

ယောကျာ်းနဲ့ တိုင်ပြောမယ်သာ ပြောနေတာ လူက​တော့ လမ်းပေါ် ရောက်နေခဲ့လေပြီ...ရုန်းရင်း ခတ်ရင်းနဲ့ မင်ရဲ့ နားမှာ ဆွဲထားတဲ့ နားဆွဲတစ်ဖက်က မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တော့တယ်။

Men2:ဟေ့ကောင်ရေ...မရတော့ဘူး လုပ်လိုက်တော့...

ထိုသို့ ပြောပြီးတာနဲ့ မေ့ဆေး အသင့်ထည့်ထားတဲ့ လက်ကိုင်ပုဝါလေးနဲ့ မင့်ရဲ့ နှာခေါင်းကို ဖိအုပ်လိုက်တော့သည်။

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now