Chapter 6 လျှို့ဝှက်ချက်များ/လွ်ိဳ႕ဝွက္ခ်က္မ်ား

4.2K 719 7
                                    

Unicode

အဆင့်မြင့်သင်္ချာစာမေးပွဲကို နံနက်ပိုင်းတွင် ပထမအကြိမ် ဖြေဆိုခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် အိပ်ငိုက်ခြင်းနှင့် လေးလံသော အမူအရာများဖြင့် ပြည့်နှက်နေပါသည်။ (TN/ကိုယ်တွေအတိုင်းပဲ)

ကျန်ချီသည် ရှေ့မှ ပေးထားသော စာရွက်ကို ယူကာ မေးခွန်းများကို ဦးစွာ ကြည့်လိုက်ပြီးနောက် ခက်ခဲသည်မှ လွယ်စေရန် မေးခွန်းများကို စတင်ဖြေရှင်းခဲ့သည်။ စာရွက်မကောက်ယူမီ ဆယ်မိနစ်အလိုတွင် မေးခွန်းအားလုံးကို ဖြေဆိုခဲ့သည်။

"ကျန်ချီ ကလပ်လှုပ်ရှားမှုအသင်းတွေကို ဘယ်အသင်းမှာစာရင်းသွင်းခဲ့လဲ"

သင်တန်းပြီးတာနဲ့ ကျန်းယန်က သူနဲ့ စကားစမြည်ပြောရန် စိတ်ပါလက်ပါရောက်လာပြီး
"တင်းနစ်ကလပ်နဲ့ ပြေးခုန်ပစ်အသင်းတွေရဲ့ဥက္ကဋ္ဌတွေကငါနဲ့သူငယ်ချင်း‌ေကာင်း‌ေတွကြီးပဲ။ မင်း အဲ့နှစ်ခုကိုရွေးရင် မင်းကို ငါကောင်းကောင်းစောင့်ရှောက်လို့ရပေမယ့် မင်းသင်္ချာသုတေသနအသင်းကိုရွေးလိုက်ရင်တော့ ငါဘာမှလုပ်ပေးလို့မရဘူး”

ကျန်ချီ သည် ကလပ်အသင်းများသို့မသွားမီ မှတ်စုစာအုပ်များနှင့် ကျောင်းသုံးစာအုပ်များကို အိပ်ဆောင်တွင်ပြန်ထားရန် စီစဉ်ထားသည်။ အပြန်လမ်းကြောင်းကို တွက်ချက်ပြီးနောက် “ငါက စာပေအသင်းမှာ စာရင်းသွင်းထားတယ်” လို့ ပြန်ဖြေလိုက်သည်။

ထိုအဖြေကြောင့် ကျန်းယန်မမျှော်လင့်ဘဲ မျက်ခုံးပင့်သွားခဲ့သည်။ သူက “မင်း သိပ္ပံအသင်းတစ်ခုခုကို ရွေးမယ်လို့ ငါထင်ခဲ့တာ။ စာအုပ်ပိုးကောင်က ဘာသာရပ်‌ေတွအတွက် တစ်စိတ်တစ်ပိုင်းတောင်အကျိုးရှိမှာမဟုတ်ဘူး။”

"ငါက သိပ္ပံဘာသာရပ်တွေ အများကြီးကို ရွေးထားပြီးသားဆိုတော့ သင်ရိုးညွှန်းတမ်းဘဝကို သိပ္ပံဘာသာရပ်အဖြစ် ခွင့်မပြုချင်ဘူး။" ကျန်ချီက ပြုံးပြီး "လေ့လာတာက ဟန်ချက်ညီဖို့ အာရုံစိုက်ဖို့ လိုတယ်"

"အဲဒါက အဓိပ္ပာယ်ရှိပုံ‌ေတာ့ရတယ်။"

အိပ်ဆောင်ကိုပြန်ရောက်သောအခါ ဝေအန်းကို ဝင်တိုက််မိ သည်။ သူလည်းပစ္စည်းတွေလာထားတာဖြစ်မည်။ ကျန်ချီက စကားမပြော၊ ခေါင်းမထောင်တာကို မြင်တော့ သူလည်း လုံးဝလျစ်လျူရှုလိုက်တယ်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now